ဇန်နဝါရီ ၁၁
တောင်ကိုရီးယားနိုင်ငံတွင် တိုက်လေယာဉ်တစ်စင်းပျက်ကျမှုဖြစ်ပွားခဲ့သော်လည်း ထိခိုက်ဒဏ်ရာရသူ မရှိကြောင်း ယွန်ဟပ်သတင်းအေဂျင်စီက ယနေ့တွင် ပြောကြားသည်။
ဆိုးလ်မြို့၏တောင်ဘက် ကီလိုမီတာ ၆၀ ခန့်အကွာ ဟွာဆောင်ရှိ တောင်ကုန်းပေါ်၌ တောင်ကိုရီးယားလေတပ်၏ F-5E တိုက်လေယာဉ်တစ်စင်းသည် ဒေသစံတော်ချိန် ၁ နာရီ ၄၄ မိနစ်ခန့်တွင် ပျက်ကျမှုဖြစ်ပွားခဲ့သည်။
အဆိုပါတိုက်လေယာဉ်သည် ပုံမှန်အတိုင်းပျံတက်နေပြီး အရှိန်မြှင့်ပျံတက်စဉ် ပျက်ကျသွားခြင်းဖြစ်သည်။ ထိုလေယာဉ်ပျက်ကျသည့် အကြောင်းရင်းကိုမူ မသိရှိရသေးပေ။
၎င်းလေယာဉ်ပေါ်တွင် လေယာဉ်မှူးတစ်ဦးသာပါရှိပြီး ထိုလေယာဉ်မှူးအသက်ရှင်လျက် ရှိ၊ မရှိကိုမူ အတည်မပြုရသေးပေ။
တောင်ကုန်းပေါ်၌ ထိုလေယာဉ်ပျက်ကျသွားသော်လည်း အရပ်သားထိခိုက်သေဆုံးမှုမရှိဟု ဖော်ပြထားသည်။
ထိုလေယာဉ်ပေါ်တွင် ဗုံးတပ်ဆင်ထားခြင်းမရှိဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို