ဧပြီ ၅
တောင်ကိုရီးယားနိုင်ငံ ဂျောင်ဂီပြည်နယ်တွင် တံတားလက်ရန်းပြိုကျမှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံးပြီး အခြားတစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ယွန်ဟပ်သတင်းအေဂျင်စီက ယမန်နေ့ကဖော်ပြထားသည်။
ဆိုးလ်မြို့တော်တောင်ပိုင်း ဆောင်နမ်မြို့ရှိ စမ်းချောင်းငယ်တစ်ခုကိုဖြတ်လျက်ဆောက်လုပ်ထားသော တံတားသည် ဒေသစံတော်ချိန် မနက် ၉ နာရီ ၄၅ မိနစ်ဝန်းကျင်တွင် ပြိုကျခဲ့ခြင်းဖြစ်သည်။
ထိုတံတားပေါ်မှပြုတ်ကျခဲ့သူ နှစ်ဦးအနက် အသက် ၄၀ အရွယ် အမျိုးသမီးတစ်ဦးအား ဆေးရုံသို့ပို့ဆောင်ပြီးနောက် နှလုံးရပ်ပြီး သေဆုံးသွားခဲ့ကြောင်းနှင့် အသက် ၂၀ အရွယ်အမျိုးသားမှာ နောက်ကျောဒဏ်ရာများရရှိသဖြင့် ကုသမှုခံယူလျက်ရှိကြောင်း သိရသည်။
ယမန်နေ့ညကမိုးသည်းထန်စွာရွာသွန်းခဲ့သဖြင့်မတော်တဆမှုဖြစ်ပွားခဲ့ပြီးနောက် လက်ရန်းများနှင့် ဆိုင်းဘုတ်များ ပြိုကျသွားခဲ့သည်။
ရဲတပ်ဖွဲ့နှင့် မီးသတ်အာဏာပိုင်များသည် ထိုတံတားကို ပိတ်ဆို့ကာရံထားပြီး မတော်တဆမှုဖြစ်ပွားသည့်အကြောင်းရင်းနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုများလုပ်ဆောင်ခဲ့သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို