ဖေဖော်ဝါရီ ၁၀
တောင်ကိုရီးယားအစိုးရက တရုတ်နိုင်ငံမှခရီးသွားများအတွက် ကာလတိုဗီဇာများထုတ်ပေးခြင်းဆိုင်ရာ ကန့်သတ်ချက်များကို ဖေဖော်ဝါရီ ၁၁ ရက်တွင် စတင်ရုပ်သိမ်းရန်စီစဉ်ထားသည်။ ကိုဗစ်ရောဂါကူးစက်မှုဆိုင်ရာ ကန့်သတ်ချက်များကို ယခုလကုန်ပိုင်းအထိ လုပ်ဆောင်ရန်စီစဉ်ထားရှိခဲ့သည်။
တရုတ်နိုင်ငံမှလာရောက်သူများတွင် ကိုဗစ်ရောဂါကူးစက်မှုသည် ယခင်က ၃၀ ရာခိုင်နှုန်းနီးပါးရှိခဲ့ရာ မကြာသေးမီက ၂ ရာခိုင်နှုန်းအောက် ကျဆင်းလာခဲ့သည်ဟု အစိုးရကဆိုသည်။
တရုတ်နိုင်ငံမှခရီးသွားများအနေဖြင့် နိုင်ငံအတွင်းသို့မဝင်ရောက်မီနှင့် ဝင်ရောက်ပြီးချိန်တို့တွင် ပီစီအာစစ်ဆေးချက်များ လုပ်ဆောင်ရန် လိုအပ်နေဆဲဖြစ်သည်ဟု သိရသည်။
တောင်ကိုရီးယားနိုင်ငံသည် တရုတ်နှစ်သစ်ကူးပွဲတော်အားလပ်ရက်မတိုင်မီ ပြီးခဲ့သည့်လအစောပိုင်းက တရုတ်နိုင်ငံမှလာရောက်သူများအတွက် ကန့်သတ်ချက်များကို တင်းကျပ်စွာချမှတ်ထားသည်။
တရုတ်နိုင်ငံက တောင်ကိုရီးယားနိုင်ငံသားများအတွက် ကာလတိုဗီဇာများထုတ်ပေးခြင်းကို ဆိုင်းငံ့ထားပြီး အခြားကန့်သတ်ချက်များဖြင့် တန်ပြန်လုပ်ဆောင်ခဲ့သည်ဟု သိရသည်။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို