တောင်ကိုရီးယားနိုင်ငံရဲ့ ကိုရီးယားနှစ်နိုင်ငံပူးပေါင်းရေး ဝန်ကြီး နှုတ်ထွက်

mdn

၂၀ ဇွန်

 

မြောက်ကိုရီးယားနိုင်ငံကနေ ကိုရီးယားနှစ်နိုင်ငံဆက်သွယ်ရေးရုံးကို ဖြိုချလိုက်ပြီးနောက်  နှစ်နိုင်ငံကြားမှာ အခြေအနေတွေတင်းမာနေတဲ့အတွက် တောင်ကိုရီးယားနိုင်ငံရဲ့ ကိုရီးယားနှစ်နိုင်ငံပြန်လည် ပူးပေါင်းရေး ဝန်ကြီး သောကြာနေ့က  နှုတ်ထွက်သွားပြီဖြစ်ပါတယ်။

 

ကိုရီးယားနှစ်နိုင်ငံပူးပေါင်းရေး ဝန်ကြီး ကင်ရေးအွန်ချူးရဲ့ ဗုဒ္ဓဟူးနေ့က တင်သွင်းခဲ့တဲ့ နှုတ်ထွက်စာကို သမ္မတ မွန်ဂျေအင်းက သောကြာနေ့က လက်ခံလိုက်ပြီး တောင်ကိုရီးသမ္မတရဲ့ အိမ်ပြာတော်ကနေ မြောက်ကိုရီးယားကို သတိပေးစာ ထုတ်ပြန်လိုက်ပါတယ်။ သတိပေးစာထဲမှာ မြောက်ကိုရီးယားရဲ့ အကြောင်းပြချက်မလျော်ညီတဲ့ အပြုအမူမျိုးကို ဆက်လက် သီးခံမှာ မဟုတ်ကြောင်းပါရှိပါတယ်။

 

ကိုရီးယားနှစ်နိုင်ငံပူးပေါင်းရေး ဝန်ကြီး ကင်ရေးအွန်ချူး က ဝန်ကြီးဌာနက မထွက်ခွာခင် မိန့်ခွန်းပြောကြားရာတွင်  ကိုရီးယားနှစ်နိုင်ငံကြားမှာ အနာတွေ အဖုအထစ်တွေ အများကြီးရှိပြီးဖြစ်တယ်။ ထပ်ပြီး ဆိုအောင် လုပ်လိုက်မယ်ဆိုရင် အဲဒါတွေက ကုဖို့ အရမ်းခက်ခဲသွားမယ်။ လက်ရှိတင်းမာမှုကိုလည်း ပြေလည်သွားဖို့ လိုအပ်ကြောင်း ထည့်သွင်းပြောကြားသွားပါတယ်။

 

 

MDN

ကိုးကား - AFP