ဇန်နဝါရီ ၇

 

တောင်ကိုရီးယားနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှုအခြေအနေကြောင့် ယာယီခွင့်ပြုထားသော ကဖေးနှင့် စားသောက်ဆိုင်များတွင် တစ်ခါသုံးပစ္စည်းများအသုံးပြုမှုကို ဧပြီမှစတင်ကာ ပိတ်ပင်သွားမည်ဟု ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနက ယနေ့ထုတ်ပြန်ချက်တွင် ပြောကြားသည်။

 

ကလေးနှင့် စားသောက်ဆိုင်များတွင် တစ်ခါသုံးပလတ်စတစ်ခွက်များ၊ ပန်းကန်ပြားများနှင့် ထည့်စရာဘူးခွံများစသည့် တစ်ခါသုံးပစ္စည်းများအသုံးပြုမှုကို ဧပြီ ၁ ရက်မှစတင်ကာ ပိတ်ပင်ထား မည်ဖြစ်ကြောင်း ထိုဝန်ကြီးဌာနပြောကြားချက်အရ သိရသည်။

 

တစ်ခါသုံးစက္ကူခွက်များနှင့် ပလတ်စတစ်အရည်စုပ်ပိုက်တံများအသုံးပြုမှုကို နိုဝင်ဘာ ၂၄ ရက်မှစတင်ကာ တားမြစ်သွားမည် ဖြစ်သည်။

 

ကုန်မျိုးစုံစတိုးဆိုင်ကဲ့သို့သော အထွေထွေလက်လီရောင်းချသည့်လုပ်ငန်းများတွင်လည်း တစ်ခါသုံးပလတ်စတစ် အိတ်များ အသုံးပြုမှုကို ပိတ်ပင်သွားမည်ဖြစ်သည်။

 

ထိုဝန်ကြီးဌာနက ကိုဗစ်ရောဂါကူးစက်ဖြစ်ပွားမှုကာလအတွင်း အစားအသောက်ထုပ်ပိုးခြင်းနှင့် အစားအစာ ပို့ဆောင်ခြင်းတို့တွင် တစ်ခါသုံးပစ္စည်းများအသုံးပြုမှုကို ယာယီခွင့်ပြုထားသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို