တောင်ကိုရီးယားနိုင်ငံသို့ လာရောက်သည့် ဂျပန်ဧည့်ခရီးသွားအရေအတွက် ၂၀၁၉ ခုနှစ်တွင် ပိုမိုများပြား

၂၃ ဇန်နဝါရီ

တောင်ကိုရီးယားနိုင်ငံသို့ လာရောက်သည့် ဂျပန်ခရီးသွားဧည့်အရေအတွက်မှာ ပြီးခဲ့နှစ်က ပိုမိုများပြားလာခဲ့သည်ဟု ဖော်ပြထားသည်။

 

j2

 

၂၀၁၉ ခုနှစ်တွင် ၎င်းနိုင်ငံသို့လာရောက်သည့် ဂျပန်နိုင်ငံမှ ခရီးသွားအရေအတွက်  ၃ ဒသမ ၂၇ သန်း ခန့်ရှိကြောင်း တောင်ကိုရီးယား ခရီးသွားလုပ်ငန်း ဆိုင်ရာ တာဝန်ရှိသူများက ယမန်နေ့က ပြောကြားခဲ့သည်။

ယင်းခရီးသွားအရေအတွက်မှာ ပြီးခဲ့သည့် နှစ်ကထက် ၁၁ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့သည်။ဂျပန်ခရီးသွားအရေအတွက်မှာ ခုနစ်နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် သုံးသန်းကျော်ရှိခဲ့ခြင်း ဖြစ်သည်။

ဂျပန်ငွေကြေးသည် တောင့်တင်းခိုင်မာကြောင်းနှင့် သာယာလှပသောနေရာများနှင့်အခြားသွားရောက်သည့် နေရာများသည် အင်စတာဂရမ် ဓာတ်ပုံများအတွက် သင့်တော်ကာ လူငယ်များကို အဓိက ဆွဲဆောင်ထားသည်ဟု တာဝန်ရှိသူများက ဆိုသည်။

 

j3

 

ခရီးသွားအရေအတွက်မှာ ထိုနှစ် ပထမ နှစ်ဝက်တွင် တစ်နှစ်ထက်တစ်နှစ် ၂၀ ရာခိုင်နှုန်းကျော် များပြားလာသော်လည်း ဒုတိယနှစ်ဝက်တွင် ကျဆင်းလာကာ အောက်တိုဘာလမှ သုံးနှစ်ဆက်တိုက် တစ်နှစ်ထက်တစ်နှစ် ကျဆင်းခဲ့သည်။

ဂျပန်အစိုးရသည် ဇူလိုင်လတွင် တောင်ကိုရီးယားနိုင်ငံသို့ ပို့ကုန်ကန့်သတ်ထိန်းချုပ်မှု တင်းကျပ်ခဲ့ပြီးနောက် ဂျပန်နိုင်ငံသို့လာရောက်သည့် တောင်ကိုရီးယားနိုင်ငံသား အရေအတွက်မှာ သိသိသာသာကျဆင်းသွားသည်။ရလဒ်တစ်ခုအနေဖြင့် နှစ်နိုင်ငံအကြား လေကြောင်းလိုင်းများ ခေတ္တရပ်ဆိုင်းခြင်း(သို့မဟုတ်) လေကြောင်းလိုင်းများလျှော့ချခြင်းတို့ဖြစ်ကာ ဂျပန်နိုင်ငံမှတောင်ကိုရီးယားနိုင်ငံ သို့ ပျံသန်းသည့် ခရီးစဉ်များလည်း ထိခိုက်ခဲ့သည်။

ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို