တောင်ကိုရီးယားနိုင်ငံထုတ် KIA အမှတ်တံဆိပ် ကားအရောင်းပြခန်း မကွေးမြို့၌ဖွင့်လှစ်

mdn

မကွေး ၁၄ ဇန်နဝါရီ

 

ဒေသတွင်း၌ ပထမဆုံးအကြိမ်အဖြစ် တိုက်ရိုက်ရွေးချယ်ဝယ်ယူနိုင်တော့မည့် တောင်ကိုရီးယားနိုင်ငံထုတ် KIA အမှတ်တံဆိပ် ကားအရောင်းပြခန်းကို မကွေးမြို့ မဲထီးလမ်း အမှတ်(၁၀ဝ၊၂က) ပြည်တော်သာရွာလေးရပ်ကွက်၌ ဇန်နဝါရီလ ၁၄ ရက်နေ့ နံနက် ၉ နာရီက ဖွင့်လှစ်ခဲ့ကြောင်း သိရှိရသည်။

 

“ကားတန်ဖိုးရဲ့ ၂၀ရာခိုင်နှုန်းကို ပထမအရစ်အဖြစ်ပေးသွင်းပြီး ၅နှစ်အရစ်ကျစနစ်နဲ့ စိတ်ကြိုက်ရွေးချယ် ဝယ်ယူနိုင်ပါတယ်။ ကီလိုမီတာ ၁၅၀ဝ၀ဝ၊ (၇)နှစ်အာမခံ ပါရှိပါတယ်။ ကိုရီးယားကားတွေကို အာရှမှာသုံးတဲ့ဆီ သုံးလို့ရအောင်၊ လမ်းပိုင်း ဆိုင်ရာတွေမှာလည်း မြန်မာပြည်နဲ့ကိုက်အောင် ရှော့ဘားတွေ၊ ဂီယာပေါက်တွေ၊ Eiectronic System တွေကအစ သီးသန့် ထုတ်လုပ်ထားတာပါ။ ကားဝယ်စာချုပ်ချုပ်တဲ့နေ့မှာ မြန်မာပြည်ရဲ့လက်ရှိဒေါ်လာငွေပေါက်ဈေးနဲ့ ပေးချေရမှာ ဖြစ်ပါတယ် ” ဟု Super Seven Stars Co,Ltd ၏ Business Development Manger ကိုဝင်းနိုင်ဦးက ပြောကြားခဲ့သည်။

 

ဖွင့်ပွဲမှစ၍ တစ်ပတ်အတွင်းဝယ်ယူသူများကို အထူးလျှော့ဈေးများအပြင် ကိုရီးယားသို့ ၄ ညအိပ် ၅ရက်ခရီးစဉ် (နှစ်ယောက်စာ) နှင့် I Phone X၊ မော်တော်ဆိုင်ကယ်၊ ရေခဲသေတ္တာ၊ ၄၂လက်မ TV ၊ အဲယားကွန်း တို့အပါအဝင် ဗလာမပါ ကံစမ်းမဲများ ပေးသွားမည်ဖြစ်ကြောင်း၊ ၃နှစ်အတွင်း ကားမတော်တဆ ထိခိုက်ပျက်စီးမှုများအတွက် အလုံးစုံအာမခံစနစ်ဖြင့် အခမဲ့ပြင်ဆင် ပေးသွားမည်ဖြစ်ကြောင်း အရောင်းပြခန်းကိုယ်စားလှယ်ထံမှ သိရှိရသည်။

 

KIA Mortors Corporation သည် တောင်ကိုရီးယားနိုင်ငံ၏ အကြီးမားဆုံး ကားကုမ္ပဏီဖြစ်ပြီး ကမ္ဘာ့အကြီးဆုံး ကုမ္ပဏီများထဲမှ တစ်ခုအပါအဝင်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၌ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ပြည်၊ ရေကြည်နှင့် ယခုမကွေးမြို့တို့တွင် အရောင်းပြခန်း(၆)ခန်း ဖွင့်လှစ်ထားပြီး Main Service နှစ်ခုရှိကာ Mobile Service များဖြင့်လည်း ဝန်ဆောင်မှုပေးနေကြောင်း သိရသည်။

 

ဇေယျတု(မကွေး)