နိုဝင်ဘာ ၈

တောင်ကိုရီးယားနိုင်ငံတောင်ပိုင်း ဂျေဂျူကျွန်း၌ ယနေ့တွင် ၁၂၉ တန်ရှိသော ငါးဖမ်းသင်္ဘောတစ်စင်း တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ ၁၃ ဦးပျောက်ဆုံးနေဆဲဖြစ်ကြောင်း ကမ်းခြေစောင့်တပ်ဖွဲ့၏ပြောကြားချက်ကို ကိုးကားပြီး ယွန်ဟပ်သတင်းအေဂျင်စီက ဖော်ပြထားသည်။

အဆိုပါငါးဖမ်းသင်္ဘောပေါ်တွင် သင်္ဘောသား ၂၇ ဦး လိုက်ပါလာသည်ဟုယူဆရပြီး ထိုသင်္ဘောသည် ဂျေဂျူပြည်နယ် Biyang ကျွန်း ၂၄ ကီလိုမီတာအကွာခန့်ရှိရေပြင်တွင် ဒေသစံတော်ချိန် မနက် ၄ နာရီ ၃၃ မိနစ်ဝန်းကျင်က တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။

ထိုသင်္ဘောပေါ်ပါ သင်္ဘောသား ၁၄ ဦးကိုကယ်ဆယ်နိုင်ခဲ့ပြီး ၎င်းတို့အနက် နှစ်ဦးမှာမေ့မြောနေသည်ဟု သိရသည်။  ကယ်ဆယ်ရေးသမားများက ပျောက်ဆုံးနေသူ ၁၃ ဦးကို ဆက်လက်ရှာဖွေနေဆဲဖြစ်ကြောင်း ဖော်ပြထားသည်။

တောင်ကိုရီးယားသမ္မတ ယွန်ဆက်ယိုးလ်က ရနိုင်သမျှသတင်းရင်းမြစ်များအားလုံးကိုစုစည်းပြီး ပျောက်ဆုံးနေဆဲဖြစ်သော သင်္ဘောသားများအားကယ်ဆယ်ရန် ကမ်းခြေစောင့်တပ်ဖွဲ့နှင့် သက်ဆိုင်ရာဝန်ကြီးဌာနများအား ညွှန်ကြားထားသည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို