၁၈ နိုဝင်ဘာ

 

 

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာ လူချင်း ခပ်ခွာခွာနေရမည့်  စည်းမျဉ်းများကို  ပြန်ဖြေလျှော့ပြီး တစ်လအကြာတွင် ဗိုင်းရပ်စ် ရောဂါကူးစက်မှုများ များပြားလာသဖြင့် စည်းကမ်းများ ပိုမိုတင်းကြပ်တော့မည်ဖြစ်ကြောင်း တာဝန်ရှိသူများက နိုဝင်ဘာလ ၁၇ ရက်နေ့က ပြောကြားခဲ့သည်။

 

 

တောင်ကိုရီးယား နိုင်ငံတွင် နေ့စဉ် ဗိုင်းရပ်စ် ကူးစက်ခံရသည့် အရေအတွက်မှာ နေ့စဉ်၂၀၀ ကျော် လေးရက် ဆက်တိုက်ဖြစ်လာချိန်မှာ ပိုမိုတင်းကြပ်သည့် ကန့်သတ်ချက်များ ကြေညာလိုက်ခြင်း ဖြစ်သည်။

 

 

ရုံးများ၊ ဆေးခန်းများ၊ ဆိုးလ်မြို့တော်နှင့် ပတ်ဝန်းကျင် ဒေသများက လူစုလူဝေး များမှတစ်ဆင့် အုပ်စုလိုက် ကူးစက်မှုများ ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။

 

 

တောင်ကိုရီးယားနိုင်ငံတွင် ဗုဒ္ဓဟူးနေ့အထိ ကိုဗစ်-၁၉ ကူးစက်ရောဂါဖြစ်ပွားသူ ၃၁၃ ဉီး ထပ်မံတိုးလာခဲ့ပြီးနောက်  စုစုပေါင်း ကိုရိုနာဗိုင်းရပ်စ် ရောဂါဖြစ်ပွားသူပေါင်း ၂၉၃၁၁၁ ဉီး ရှိသွားပြီဖြစ်သည်။

 

 

ကူးစက်မှုအသစ် ဖြစ်ပွားမှုများမှာ ၉၁ ဉီးမှာ ဆိုးလ်တွင် နေထိုင်ကြသူများဖြစ်ပြီး ၈၁ ဉီးမှာ ဂျောင်ဂီပြည်နယ်တွင် နေထိုင်သူများ ဖြစ်ကြသည်။ ၆၈ ဉီးသည် ပြည်ပမှ ဝင်ရောက်လာသူများဖြစ်ပြီး ဗိုင်းရပ်စ် ကူးစက်ခံရသူ စုစုပေါင်း ၄၂၆၂ ဉီးရှိသွားပြီဖြစ်သည်။

 

 

နောက်ထပ်သေဆုံးသူ နှစ်ဉီးကို အတည်ပြုခဲ့ပြီးနောက် သေဆုံးစုစုပေါင်း ၄၉၆ ဉီး ရှိပြီဖြစ်သည်။

 

 

ကိုဗစ်-၁၉ ကြောင့် သေဆုံးသူများသည် ၁ ဒသမ ၆၉ ရာခိုင်နှုန်း ရှိသည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မေဇော်ထက်