တောင်ကိုရီးယားနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်မှု အသစ် ၅၈ခုတွေ့ရှိ စုစုပေါင်း ၁၂၂၅၇ ရောက်ရှိ

၁၈ ဇွန်

 

တောင်ကိုရီးယားနိုင်ငံသည် လွန်ခဲ့သည့် ၂၄နာရီအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုသစ် ၅၉ခု ရှိကြောင်း ထုတ်ပြန်ခဲ့သည်။

 

ကြာသပတေးနေ့အတွင်း ကူးစက်မှု စုစုပေါင်း ၁၂၂၅၇ ခုအထိ ရှိလာခဲ့ပြီဖြစ်သည်။

 

ခြောက်ရက်အတွင်း ရောဂါဖြစ်ပွားသူ ၅၀ ဦးကျော် တက်လာခဲ့သည်။

 

ပြည်ပမှ ကူးစက်မှုအသစ် ရှစ်ခုတွေ့ရှိခဲ့ပြီး စုစုပေါင်း ရောဂါဖြစ်ပွားသူပေါင်း ၁၃၇၉ခုရှိပြီဖြစ်သည်။

 

အစုအလိုက် အပြုံလိုက် ကူးစက်မှုများမှာ ဘာသာရေးဆိုင်ရာ စုရုံးမှုများ၊ ဘိုးဘွားရိပ်သာများ၊ မိုးလုံလေလုံ အားကစား ခန်းမများနှင့် ကျန်းမာရေး ထုတ်ကုန်များ လက်လီရောင်းချသူများနှင့် ဖြန့်ဖြူးသူများတွင် ကူးစက်မှုများ တွေ့ရှိရသည်ဟု ဆိုသည်။

 

သေဆုံးမှု နောက်တစ်ခုကို အတည်ပြုခဲ့ပြီးနောက်တွင် စုစုပေါင်းသေဆုံးသူဉီးရေ ၂၈၀အထိ ရောက်ရှိသွားပြီ ဖြစ်သည်။ သေဆုံးမှု စုစုပေါင်းသည် ၂ ဒသမ ၂၈ ရာခိုင်နှုန်းဖြစ်သည်။

 

ပြန်လည် ကျန်းမာလာပြီးနောက် လူနာ ၂၆ ဉီးကို သီးခြားခွဲထုတ်ထားသည့် နေရာမှ ခွဲထုတ်ခဲ့ပြီးနောက် စုစုပေါင်း ကူးစက်သူဉီးရေ ၁၀၈၀ဝ အထိ ရောက်ရှိသွားခဲ့သည်။

 

ပြန်လည်ကျန်းမာလာသူ စုစုပေါင်း ၈၈ ဒသမ ၁ ရာခိုင်နှုန်းရှိပြီ ဖြစ်သည်။

 

ဇန်နဝါရီလ ၃ ရက်နေ့ ကတည်းကစပြီး နိုင်ငံအတွင်း လူပေါင်း ၁ ဒသမ ၁၄ သန်းကျော်ကို စမ်းသပ်ခဲ့ပြီး ထိုအထဲကမှ လူပေါင်း ၁၁၁၁၇၄၁ ဉီးမှာ ဗိုင်းရပ်စ်ပိုး မတွေ့ရှိခဲ့ရပေ။ လူပေါင်း ၂၁၇၁၄ ဉီးကိုမူ စစ်ဆေးနေဆဲ ဖြစ်သည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မေဇော်ထက်

222