၂၃ ဇွန်
တောင်ကိုရီးယားနိုင်ငံတွင် အင်္ဂါနေ့အတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ၄၆ခု ထပ်မံဖြစ်ပွားခဲ့ရာ ဗိုင်းရပ်စ်ကူးစက်ခံရသူဉီးရေ ၁၂၄၈၄ အထိ မြှင့်တက်လာခဲ့သည်။
ပြီးခဲ့သည့် ရက် ၂၀ အတွင်းက ရောဂါကူးစက်မှုနှုန်း လျော့ချသွားခဲ့သော်လည်း ပြည်တော်ပြန်များကြောင့် ကူးစက်မှုနှုန်း ပြန်လည်မြင့်တက်လာခဲ့ခြင်းဖြစ်သည်။
ကူးစက်မှု အသစ်များအနက် ကူးစက်မှု ၃၀ခန့်မှာ ပြည်ပမှ ကူးစက်ခံရခြင်းဖြစ်ပြီး စုစုပေါင်း ၁၄၇၁ အထိ ရောက်ရှိသွားပြီဖြစ်သည်။
အစုအလိုက်အပြုံလိုက် ကူးစက်မှုများမှာ ဘာသာရေးဆိုင်ရာ စုရုံးမှုများ၊ မိုးလုံလေလုံ အားကစားခန်းမများနှင့် ကျန်းမာရေးထုတ်ကုန်များ လက်လီရောင်းချသူများနှင့် ဖြန့်ဖြူးသူများနှင့် ဆက်စပ်နေဆဲဖြစ်သည်။
နောက်ထပ်သေဆုံးသူတစ်ဉီးကို အတည်ပြုခဲ့ပြီးနောက် သေဆုံးသူ ၂၈၁ ဉီး ရှိပြီဖြစ်သည်။ သေဆုံးမှု စုစုပေါင်း ၂ ဒသမ ၂၅ ရာခိုင်နှုန်း ရှိပြီဖြစ်သည်။
လူနာ ၂၇ ဉီးမှာ ပြန်လည်ကောင်းမွန်လာခဲ့ပြီးနောက် ဆေးကုသမှု ခံယူသူပေါင်း ၁၀၉၀၈ သို့ တိုးလာခဲ့သည်။
ပြန်လည်ကောင်းမွန်လာသူ စုစုပေါင်း ၈၇ ဒသမ ၄ ရာခိုင်နှုန်းရှိပြီဖြစ်သည်။
ဇန်နဝါရီလ ၃ ရက်နေ့ကတည်းက တိုင်းပြည်အတွင်းရှိ လူပေါင်း ၁ ဒသမ ၁၀ သန်းကျော်ကို ရောဂါစစ်ဆေးပေးခဲ့ပြီး ၎င်းတို့ထဲတွင် ၁၁၆၁၂၅၀ ရောဂါမတွေ့ရှိရပဲ ၂၂၂၇၈ ဉီးမှာ ရောဂါစစ်ဆေးနေဆဲဖြစ်သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မေဇော်ထက်