ဆိုးလ် စက်တင်ဘာ ၁၉
တောင်ကိုရီးယားနိုင်ငံတွင် လွန်ခဲ့ သော ၂၄ နာရီနှင့် နှိုင်းယှဉ်ပါက စက်တင်ဘာ ၁၈ ရက်သန်းခေါင်ယံ အချိန်အထိ ကိုဗစ်-၁၉ ကူးစက်ခံရသူအသစ် ၁၉၄၀၇ ဦး တွေ့ရှိလာသဖြင့် ကိုဗစ်-၁၉ ကူးစက်ခံရသူစုစုပေါင်း ၂၄၄၁၃၈၇၃ ဦး ရှိကြောင်း ကျန်းမာရေးအာဏာပိုင်များက စက်တင်ဘာ ၁၉ ရက်တွင် ပြောကြားသည်။
တောင်ကိုရီးယားနိုင်ငံတွင် ကိုဗစ်-၁၉ နေ့စဉ်ကူးစက်မှုနှုန်းမှာ ယမန်နေ့က ၃၄၇၆၄ ဦး ရှိရာမှ လျော့နည်းလာကြောင်း ကိုရီးယား ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးအေဂျင်စီ (ကေဒီစီအေ) က ထုတ်ပြန်ထားသည်။ ရောဂါထပ်မံ ကူးစက်ခံရသူများအနက် ၂၈၉ ဦးမှာ ပြည်ပပြန် ကူးစက်မှုဖြစ်သဖြင့် ပြည်ပပြန် ကူးစက်ခံရသူ စုစုပေါင်း ၆၄၁၁၂ ဦး ရှိလာပြီ ဖြစ်သည်။
တောင်ကိုရီးယားနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်ခံရသူများအနက် ရောဂါပြင်းထန်သော အခြေအနေတွင် ရှိသူ ၅၀၈ ဦးရှိရာ ယမန်နေ့ ကထက် ၁၉ ဦး တိုးလာကြောင်း သိရသည်။
တောင်ကိုရီးယားနိုင်ငံ၌ ကိုဗစ်-၁၉ ကြောင့် ထပ်မံသေဆုံးသူ ၃၉ ဦးရှိသဖြင့် အဆိုပါရောဂါဖြင့် သေဆုံးသူ စုစုပေါင်း ၂၇၈၆၇ ဦး ရှိပြီဖြစ်သည်။ သေဆုံးသူပမာဏမှာ ၀ ဒသမ ၁၁ ရာခိုင်နှုန်းရှိကြောင်း သိရသည်။
ဆင်ဟွာ