တောင်ကိုရီးယားနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ နေ့စဉ်ကူးစက်မှု စံချိန်တင်မြင့်တက်

စက်တင်ဘာ ၂၄

တောင်ကိုရီးယားနိုင်ငံတွင် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂၄၃၄ ဦးရှိရာ ရောဂါ ကူးစက်မှုစံချိန်တင်မြင့်တက်ခဲ့သည်။

တောင်ကိုရီးယားအစိုးရက ယခုသီတင်းပတ်အစောပိုင်း နှစ်စဉ်အားလပ်ရက်များအတွင်း ကိုဗစ်-၁၉ ရောဂါဆိုင်ရာ လူစုလူဝေးကန့်သတ်ချက်အချို့ကို ဖြေလျှော့ပေးခဲ့သည်။

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအပြည့်အဝထိုးနှံပြီးသူမိသားစုဝင်များအား ရှစ်ဦးအထက်စုဝေးခြင်းကို ခွင့်ပြုပေးခဲ့သည်ဟု သိရသည်။

အဆိုပါအားလပ်ရက်များအတွင်း ခရီးသွားလာခဲ့ပြီးနောက် ထိုခရီးသွားလာသူများသည် ကိုဗစ်-၁၉ ရောဂါကူးစက်မှုဖြစ်ပွားခဲ့ကြောင်းနှင့် လာမည့်သီတင်းပတ်တွင် ရောဂါကူးစက်မှုများ မြင့်တက်လာနိုင်ကြောင်း ကျန်းမာရေးအာဏာပိုင်များက ပြောကြားသည်။

ကျန်းမာရေးအာဏာပိုင်များက ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှုခံယူကြရန်၊ လူစုလူဝေးကိုရှောင်ရှားကြရန်၊ နေအိမ်မှာပင်နေထိုင်ကြရန်နှင့် ကိုဗစ်-၁၉ ရောဂါစမ်းသပ်စစ်ဆေးကြရန်တို့ကို တိုက်တွန်းပြောကြားထားသည်။

ဝန်ကြီးချုပ် ကင်မ်ဘူခမ်က ရောဂါကူးစက်မှုအခြေအနေကိုစောင့်ကြည့်ရန် အာဏာပိုင်များအား ညွှန်ကြားခဲ့သည်။

ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို