တောင်ကိုရီးယားနိုင်ငံတွင် ကိုဗစ်-၁၉ ထပ်မံကူးစက်ခံရသူ ၄၇ ဦး၊ စုစုပေါင်း ၁၀၃၃၁ ဦးရှိလာ

၇ ဧပြီ

 

တောင်ကိုရီးယားနိုင်ငံတွင် ကိုဗစ်-၁၉  ထပ်မံ ကူးစက်ခံရသူ ၄၇ ဦး ရှိသဖြင့် စုစုပေါင်း ကူးစက်ခံရသူ အရေအတွက် ၁၀၃၃၁ ဦး ရှိလာပြီဖြစ်ကြောင်း ဖော်ပြထားသည်။

 

ခြောက်ဦးထပ်မံသေဆုံးကြောင်း အတည်ပြုခဲ့ပြီး သေဆုံးသူ အရေအတွက် ၁၉၂ ဦးရှိသည်။ စုစုပေါင်း သေဆုံးမှုနှုန်းမှာ ၁ ဒသမ ၈၆ ရာခိုင်နှုန်း ဖြစ်လာခဲ့သည်။

 

ထပ်မံ ပြန်လည်ကောင်းမွန်လာသူ စုစုပေါင်း ၉၆ ဦးကို သီးသန့်ခွဲခြားထားရာနေရာမှ ထွက်ခွာခွင့်ပြုခဲ့ပြီး  ပြန်လည်ကောင်းမွန်လာသူ စုစုပေါင်း ၆၆၉၄ ဦး ရှိလာသည်။ စုစုပေါင်း ပြန်လည်ကောင်းမွန်လာမှုနှုန်းမှာ ၆၄ ဒသမ ၈ ရာခိုင်နှုန်းရှိသည်။

 

ဗိုင်းရပ်စ်သတိပေးချက် အဆင့်လေးဆင့်ရှိရာတွင် အမြင့်ဆုံးအဆင့်ဖြစ်သော အနီရောင်အဆင့်သို့ ရောက်ရှိခဲ့သည်။

 

ဆိုးလ်မြို့ အရှေ့တောင်ဘက် ၃၀၀ ကီလိုမီတာ အကွာ ဒေဂူ မြို့နှင့် ၎င်းဝန်းကျင် မြောက်ပိုင်း ဂျိုဆန်ပြည်နယ်တို့တွင် ကူးစက်ခံရသူ အရေအတွက်မှာ  ၆၇၉၄ နှင့် ၁၃၁၇ ဦး အထိ များပြားလာသည်။ ကူးစက်ခံရသူ စုစုပေါင်း၏ ၈၀ ရာခိုင်နှုန်းနီးပါး ရှိသည်။

 

ဆိုးလ်မြို့နှင့် ၎င်းနှင့်ကပ်လျက် ဂျောင်ဂျီ ပြည်နယ်တို့တွင် ကူးစက်ခံရသူ အရေအတွက်မှာ ၅၆၇ နှင့် ၅၉၀ ဦးတို့ ဖြစ်ကြသည်။

 

လူဦးရေ ၂ ဒသမ ၅ သန်းရှိသော မက်ထရိုပိုလစ်တွင် ရောဂါကူးစက်မှု အများဆုံးဖြစ်ကြောင်း တွေ့ရှိရကာ ဒေဂူမြို့သည် ဗိုင်းရပ်စ်ကူးစက်ရာဗဟိုချက် ဖြစ်လာခဲ့သည်။ ဒေဂူမြို့ကို ကပ်ဆိုက်မှုဖြစ်ပွားရာအထူးဇုန် အဖြစ် အစိုးရက သတ်မှတ်ခဲ့သည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို