၂၅ မေ
တောင်ကိုရီးယားနိုင်ငံတွင် ပြီးခဲ့သည့် ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ထပ်မံကူးစက်ခံရသူ ၁၆ ဦး ရှိသဖြင့် ကူးစက်ခံရသူစုစုပေါင်း ၁၁၂၀၆ ဦး အထိ မြင့်တက်လာခဲ့သည်။
လေးရက်အတွင်း နေ့စဉ်ကူးစက်သူအရေအတွက် ၂၀ အောက်သို့ ရောက်ရှိခဲ့သည်။
ကိုဗစ်-၁၉ ကြောင့် တစ်ဦး ထပ်မံသေဆုံးခဲ့ပြီး နိုင်ငံတစ်ဝှမ်းတွင် သေဆုံးသူပေါင်း ၂၆၇ ဦး ရှိသည်။ သေဆုံးမှုနှုန်းမှာ ၉၁ ဒသမ ၃ ရာခိုင်နှုန်းရှိသည်။
ကိုဗစ်-၁၉ ကူးစက်ခံရမှုမှ ထပ်မံ ကျန်းမာရေး ပြန်လည်ကောင်းမွန်လာသူ ၁၃ ဦး ရှိပြီး ပြန်လည်ကျန်းမာလာသူစုစုပေါင်း ၁၀၂၂၆ ဦး ရှိသည်။ ပြန်လည်ကျန်းမာလာမှုနှုန်းမှာ ၉၁ ဒသမ ၃ ရာခိုင်နှုန်းရှိသည်။
တောင်ကိုရီးယားနိုင်ငံတွင် ဇန်နဝါရီ ၃ ရက်နေ့မှစတင်ကာ ဦးရေ ၈၂၆၀၀၀ ကို ဓာတ်ခွဲစစ်ဆေးခဲ့ကြောင်း၊ ကိုဗစ်-၁၉ ကူးစက်ခံရသူများအနက် ၇၉၆၁၄၂ ဦးမှာ ပိုးကင်းစင်ပြီး ပြန်လည်ကျန်းမာလာကြောင်းနှင့် ၁၉၀၈၉ ဦး ကို ဓာတ်ခွဲစစ်ဆေးနေဆဲ ဖြစ်ကြောင်း ဖော်ပြထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို