တောင်ကိုရီးယားတွင် ကိုဗစ်-၁၉ ထပ်မံကူးစက်ခံရသူ ၁၇ ဦး တွေ့ရှိ

၂၂ ဇွန်

 

 

တောင်ကိုရီးယားနိုင်ငံတွင် တစ်ရက်အတွင်း ကိုဗစ်-၁၉ ထပ်မံကူးစက်ခံရသူ ၁၇ ဦး ရှိလာရာ ကူးစက်ခံရသူပေါင်း ၁၂၄၃၈ ဦး အထိ မြင့်တက်လာသည်ဟု ယနေ့သတင်း ထုတ်ပြန်ထားသည်။

 

 

သီတင်းပတ် လေးပတ်နီးပါး နေ့စဉ် ရောဂါကူးစက်ခံရမှု ၂၀ အောက် ကျဆင်းခဲ့သည်။

 

 

ပြီးခဲ့သည့် သီတင်းပတ်က နေ့စဉ်အတည်ပြု ရောဂါကူးစက်ခံရမှု ၄၀ နှင့် ၆၀ အကြားတွင် ရှိကြောင်း ဖော်ပြထားသည်။

 

 

အဆိုပါ ကူးစက်မှုသည် ဘာသာရေးပွဲများ၊ မိုးလုံလေလုံ အားကစားခန်းမများ၊ ကျန်းမာရေးပစ္စည်း အရောင်းဆိုင်များနှင့် ဖြန့်ဖြူးရေးစင်တာများနှင့် ဆက်စပ်သည့် လူစုလူဝေးကူးစက်မှုဖြစ်ကြောင်း တွေ့ရှိရသည်။

 

 

ထပ်မံကူးစက်ခံရသူများအနက် ခြောက်ဦးမှာ ပြည်ပပြန်များဖြစ်သည်။ရောဂါကူးစက်ခံရမှုကြောင့် ထပ်မံသေဆုံးသူမရှိကြောင်း နှင့် သေဆုံးသူ ဦးရေ ၂၈၀ အထိ ရှိကြောင်း ဖော်ပြထားသည်။ စုစုပေါင်း သေဆုံးမှုနှုန်း ၂ ဒသမ ၂၅ ရာခိုင်နှုန်းရှိသည်။

 

 

ကျန်းမာရေး ပြန်လည်ကောင်းမွန်လာသဖြင့် ဆေးရုံမှဆင်းလာသူ ၁၃ ဦး ရှိရာ ပြန်လည်ကောင်းမွန်လာသူပေါင်း ၁၀၈၈၁ ဦး ရှိသည်။ စုစုပေါင်း ကျန်းမာရေး ကောင်းမွန်လာမှုနှုန်း ၈၇ ဒသမ ၅ ရာခိုင်နှုန်းရှိသည်။

 

 

ဇန်နဝါရီ ၃ ရက်နေ့မှစတင်ကာ လူပေါင်း ၁ ဒသမ ၁၈ သန်းကျော်ကို စမ်းသပ်စစ်ဆေးခဲ့ပြီး ၎င်းတို့အနက် ၁၁၅၀၂၂၅ ဦးမှာ ရောဂါပိုးကင်းစင်ကြောင်းနှင့် ၁၉၄၀၃ ဦးကို စမ်းသပ်စစ်ဆေးနေဆဲဖြစ်ကြောင်း သိရသည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို