၁၃ မေ
တောင်ကိုရီးယားနိုင်ငံတွင် ကိုဗစ်-၁၉ ထပ်မံကူးစက်ခံရသူ ၂၆ ဦး ရှိပြီး ကူးစက်ခံရသူ စုစုပေါင်း ၁၀၉၆၂ ဦး ရှိသည်ဟု ယနေ့ သတင်းထုတ်ပြန်ထားသည်။
ဆိုးလ်မြို့ အီတေဝန်ရပ်ကွက် ရှိ လူပေါင်းစုံလာရောက်လည်ပတ်သော ကလပ်များနှင့်ဘားများမှ ကိုရိုနာဗိုင်းရပ်စ်အစုအပြုံလိုက် ကူးစက်မှု ဖြစ်ပွားခဲ့ပြီး ကူးစက်ခံရသူ အရေအတွက် တိုးပွားလာသည်။
ကိုဗစ်-၁၉ ကြောင့် ထပ်မံသေဆုံးသူ တစ်ဦးရှိပြီး သေဆုံးသူပေါင်း ၂၅၉ ဦး အထိ ရှိသည်။ကိုဗစ်-၁၉ ကူးစက်ခံရမှုကြောင့် သေဆုံးမှုနှုန်းမှာ ၂ ဒသမ ၃၆ ရာခိုင်နှုန်းရှိသည်။
ကိုဗစ်-၁၉ ကူးစက်ခံရသူများအနက် ကျန်းမာရေး ပြန်လည်ကောင်းမွန်လာသဖြင့် သီးခြားကန့်သတ်ထားသောနေရာမှ ထပ်မံ ဆင်းခွင့်ရရှိသူ ၂၅ ဦး ရှိရာ ယင်းသို့ ဆင်းခွင့်ရရှိသူပေါင်း ၉၆၉၅ ဦး ရှိသည်။ကျန်းမာရေး ပြန်လည် ကောင်းမွန်လာမှုနှုန်းမှာ ၈၈ ဒသမ ၄ ရာခိုင်နှုန်းရှိသည်။
တောင်ကိုရီးယားနိုင်ငံတွင် ဇန်နဝါရီ ၃ ရက်နေ့မှစတင်ကာ လူပေါင်း ၆၉၅၀၀၀ ဦး ကို ဓာတ်ခွဲစစ်ဆေးခဲ့ကြောင်း၊ကိုဗစ်-၁၉ ကူးစက်ခံရသူများအနက် ၆၆၅၃၇၉ ဦးမှာ ပိုးကင်းစင်ပြီး ပြန်လည်ကျန်းမာလာကြောင်း နှင့် ၁၉၅၇၉ ဦး ကို ဓာတ်ခွဲစစ်ဆေးနေဆဲ ဖြစ်ကြောင်း ဖော်ပြထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို