တောင်ကိုရီးယားတွင် ကိုဗစ်-၁၉ ထပ်မံကူးစက်ခံရသူ ၃၅ ဦး၊ ကူးစက်ခံရသူပေါင်း ၁၀၉၀၉ ဦး ရှိလာ

၁၁ မေ

 

တောင်ကိုရီးယားနိုင်ငံတွင် ကိုဗစ်-၁၉ ထပ်မံကူးစက်ခံရသူ ၃၅ ဦး ရှိပြီး ကူးစက်ခံရသူ စုစုပေါင်း ၁၀၉၀၉ ဦး အထိ မြင့်တက်လာသည်ဟု ဖော်ပြထားသည်။

 

မေလ ၆ ရက်နေ့က ကိုဗစ်-၁၉ ကူးစက်ခံရသူ နှစ်ဦးအောက်ရှိရာမှ မေလ ၈ ရက်နေ့တွင် ၁၂ ဦး၊ ၉ ရက်နေ့တွင် ၁၈ ဦးနှင့် ၁၀ ရက်နေ့တွင် ၃၄ ဦး စသည်ဖြင့် ကူးစက်ခံရသူ အရေအတွက်မှာ နေ့စဉ် ဆက်လက် မြင့်တက်လာခဲ့သည်။

 

ကိုဗစ်-၁၉ ကြောင့် လေးရက်ဆက်တိုက် သေဆုံးမှုမရှိကြောင်း၊ သေဆုံးသူပေါင်း ၂၅၆ ဦး ရှိကြောင်း နှင့် ကူးစက်ခံရမှုကြောင့် သေဆုံးမှုနှုန်းမှာ ၂ ဒသမ ၃၅ ရာခိုင်နှုန်းရှိကြောင်း ဖော်ပြထားသည်။

 

ကိုဗစ်-၁၉ ကူးစက်ခံရသူ ၂၂ ဦးမှာ ကူးစက်ခံရမှုမှ ကျန်းမာရေး ပြန်လည်ကောင်းမွန်လာပြီးနောက်ပိုင်း သီးခြားသတ်မှတ်ထားသော နေရာမှ ဆင်းခွင့်ရရှိခဲ့ပြီး ယင်းသို့ ဆင်းခွင့်ရရှိသူပေါင်း ၉၆၃၂ ဦး ရှိကြောင်းနှင့် ကျန်းမာရေး ပြန်လည်ကောင်းမှုနှုန်းမှာ ၈၈ ဒသမ ၃ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

 

တောင်ကိုရီးယားနိုင်ငံတွင် ဇန်နဝါရီ ၃ ရက်နေ့မှစတင်ကာ လူပေါင်း ၆၆၈၀၀၀ ဦးကို ဓာတ်ခွဲစစ်ဆေးခဲ့ပြီး ကိုဗစ်-၁၉ ကူးစက်ခံရသူများအနက် ၆၄၆၆၆၁ ဦး မှာ ပိုးကင်းစင်ပြီးပြန်လည်ကျန်းမာလာကြောင်းနှင့် ၁၀၉၂၂ ဦး ကို ဓာတ်ခွဲစစ်ဆေးနေဆဲဖြစ်ကြောင်း ဖော်ပြထားသည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို