တောင်ကိုရီးယားတွင် ကိုဗစ်-၁၉ ထပ်မံကူးစက်ခံရသူ သုံး ဦး၊ ကူးစက်ခံရသူပေါင်း ၁၀၈၀၄ ဦး ရှိလာ

၅ မေ

 

တောင်ကိုရီးယားနိုင်ငံတွင်  ပြီးခဲ့သည့် ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ထပ်မံကူးစက်ခံရသူ သုံးဦး ရှိရာ ကူးစက်ခံရသူပေါင်း ၁၀၈၀၄ ဦး အထိ မြင့်တက်လာသည်ဟု ယနေ့မနက်က သတင်းထုတ်ပြန်ခဲ့သည်။

 

ဖေဖော်ဝါရီ ၁၈ ရက်နေ့မှ စတင်ဖြစ်ပွားခဲ့သော ကိုဗစ်-၁၉ ရောဂါကူးစက်မှုများအနက် ၇၇ ရက်အတွင်း ကူးစက်မှုနှုန်းအနည်းဆုံး ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

 

နိုင်ငံအတွင်း နေ့စဉ် ကိုဗစ်-၁၉ ကူးစက်မှု အရေအတွက်မှာ ၁၈ ရက်ဆက်တိုက် ၂၀ ဦး အောက်တွင် ရှိနေခဲ့သည်။

 

ကိုဗစ်-၁၉ ကြောင့် ထပ်မံသေဆုံးသူ နှစ်ဦး ရှိပြီး ယင်းကူးစက်ခံရမှုကြောင့် သေဆုံးသူပေါင်း ၂၅၄ ဦး ရှိကြောင်း အတည်ပြု ထုတ်ပြန်ထားသည်။

 

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကြောင့် သေဆုံးသူ ဦးရေမှာ ရောဂါကူးစက်ဖြစ်ပွားသူအရေအတွက်၏ ၂ ဒသမ ၃၅ ရာခိုင်နှုန်းခန့် ရှိသည်။

 

ကိုဗစ်-၁၉ ကူးစက်မှုမှ ကျန်းမာရေးပြန်လည်ကောင်းမွန်လာသူ ၆၆ ဦး ထပ်မံရှိခဲ့ရာ ပြန်လည်ကောင်းမွန်လာသူပေါင်း ၉၂၈၃ ဦး ရှိလာသည်။ ကျန်းမာရေး ပြန်လည်ကောင်းမွန်လာမှုနှုန်းမှာ ၈၅ ဒသမ ၉ ရာခိုင်နှုန်း ရှိသည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို