တောင်ကိုရီးယားတွင် ကိုဗစ်-၁၉ ထပ်မံကူးစက်သူ ၁၃ ဦး ရှိပြီး ကူးစက်ခံရသူ ၁၁၀၇၈ ဦး အထိ မြင့်တက်

၁၉ မေ

 

တောင်ကိုရီးယားနိုင်ငံတွင် ပြီးခဲ့သည့် ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ထပ်မံကူးစက်သူ ၁၃ ဦး ရှိကြောင်း နှင့် ကူးစက်ခံရသူပေါင်း ၁၁၀၇၈ ဦးအထိ မြင့်တက်လာသည်ဟု ယနေ့ သတင်းထုတ်ပြန်ထားသည်။

 

ထပ်မံကူးစက်ခံရသူ ၁၃ ဦး အနက် လေးဦးသည် ပြည်ပမှ ပြန်ရောက်လာသူများဖြစ်ပြီး ယင်းသို့ကူးစက်ခံရသူပေါင်း ၁၁၈၁ ဦး အထိ ရှိလာသည်။

 

ကိုဗစ်-၁၉ ကြောင့် ထပ်မံသေဆုံးသူ မရှိကြောင်း အတည်ပြုထုတ်ပြန်ထားပြီး သေဆုံးသူစုစုပေါင်း ၂၆၃ ဦး ရှိသည်ဟု ဖော်ပြထားသည်။သေဆုံးမှုနှုန်းသည် ကူးစက်ခံရသူ အရေအတွက်စုစုပေါင်း၏ ၂ ဒသမ ၃၇ ရာခိုင်နှုန်းရှိသည်။

 

ကိုဗစ်-၁၉ ကူးစက်ခံရမှုမှ ထပ်မံ ကျန်းမာရေး ပြန်လည်ကောင်းမွန်လာသူ ၃၄ ဦး ရှိပြီး ပြန်လည်ကျန်းမာလာသူစုစုပေါင်း ၉၉၃၈ ဦး ရှိသည်။ပြန်လည်ကျန်းမာလာမှုနှုန်းမှာ ၈၉ ဒသမ ၇ ရာခိုင်နှုန်းရှိသည်။

 

တောင်ကိုရီးယားနိုင်ငံတွင် ဇန်နဝါရီ ၃ ရက်နေ့မှစတင်ကာ လူပေါင်း ၇၆၅၀၀၀ ဦး ကို ဓာတ်ခွဲစစ်ဆေးခဲ့ကြောင်း၊ကိုဗစ်-၁၉ ကူးစက်ခံရသူများအနက် ၇၃၇၅၇၁ ဦးမှာ ပိုးကင်းစင်ပြီး ပြန်လည်ကျန်းမာလာကြောင်း နှင့် ၁၆၉၂၅ ဦး ကို ဓာတ်ခွဲစစ်ဆေးနေဆဲ ဖြစ်ကြောင်း ဖော်ပြထားသည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို