ဆိုးလ် ဇန်နဝါရီ ၁၁

 

တောင်ကိုရီးယားနိုင်ငံတွင် ဇန်နဝါရီ ၉ ရက် ညသန်းခေါင်အထိ ကိုဗစ်-၁၉ ထပ်မံကူးစက် ဖြစ်ပွားသူ လွန်ခဲ့သော ၂၄ နာရီနှင့် နှိုင်းယှဉ်ပါက ၃၀၀၇ ဦးတိုးလာပြီးနောက် စုစုပေါင်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ ၆၆၇၃၉၀ အထိ ရှိလာခဲ့သည်။

 

နေ့စဉ် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုသည် ယမန်နေ့ အမြင့်ဆုံးကူးစက်ဖြစ်ပွားသူ အရေအတွက် ၃၃၇၃ ဦးထက် ကျဆင်းခဲ့ပြီး ၄၀၀၀ အောက်ကျခဲ့သည်မှာ လေးရက်ဆက်တိုက်ရှိပြီဖြစ်သည်။ မကြာသေးမီက မြင့်တက်လာသော ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုများသည် ဆိုးလ်ဒေသ၏ ကိုဗစ်-၁၉ အစုလိုက် ကူးစက်ဖြစ်ပွားမှုကြောင့်ဖြစ်ကြောင်း သိရသည်။

 

ထပ်မံဖြစ်ပွားသော ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူများအနက် ပြည်ပကူးစက်ဖြစ်ပွားသူ ၂၃၉ ဦး အပါအဝင် စုစုပေါင်း ပြည်ပကူးစက်ဖြစ်ပွားသူ ၁၉၁၃၇ ဦး ရှိလာခဲ့သည်။ ကိုဗစ်-၁၉ ကူးစက်ခံထားရပြီး စိုးရိမ်ရသော အခြေအနေ ခံစားနေရသူ ၇၈၆ ဦးအထိ တိုးလာခဲ့ပြီး ယမန်နေ့ကထက် ၃၅ ဦး ကျဆင်းခဲ့သည်။

 

ကိုဗစ်-၁၉ ကြောင့် ၃၄ ဦး ထပ်မံသေဆုံးခဲ့သောကြောင့် စုစုပေါင်းသေဆုံးသူ ၆၀၇၁ ဦးအထိရှိလာခဲ့ပြီး သေဆုံးနှုန်းမှာ ၀ ဒသမ ၉၁ ရာခိုင်နှုန်းရှိသည်။ ဖေဖော်ဝါရီ ၂၆ ရက်တွင် အစုလိုက်ကာကွယ်ဆေး ထိုးမှုများစတင်ပြုလုပ်ခဲ့ချိန်မှစကာ ယခုအချိန်အထိ လူပေါင်း ၄၄၃၅၉၅၀၆ ဦး စုစုပေါင်း နိုင်ငံ့လူဦးရေ၏ ၈၆ ဒသမ ၄ ရာခိုင်နှုန်း ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးခဲ့ပြီး ဖြစ်သည်။ ။

 

ကိုဗစ်-၁၉ ကာကွယ်ဆေး အပြည့်အဝထိုးနှံပြီး သူပေါင်း ၄၃၀၃၀၄၅၀ သို့မဟုတ် ၈၃ ဒသမ ၉ ရာခိုင်နှုန်းရှိပြီဖြစ်ပြီး အပိုဆောင်းကာကွယ်ဆေး ထိုးပြီးသူ ၂၁၀၃၁၄၈၁ သို့မဟုတ် ၄၁ ဒသမ ၀ ရာခိုင်နှုန်းရှိသည်။

 

ဆင်ဟွာ