တောင်ကုတ် အောက်တိုဘာ ၁၇
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ တောင်ကုတ်မြို့ အခြေခံပညာကျောင်းများ၌ အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား ကျောင်းသူများအား အောက်တိုဘာ ၁၇ ရက်က စတင်ထိုးနှံပေးခဲ့သည်။
ထိုသို့ ထိုးနှံရာတွင် အထက( ၁)တောင်ကုတ်၌ ဒသမတန်း ၄၅၇ ဦး၊ နဝမတန်း ၃၉၉ ဦး၊ အဋ္ဌမတန်း ၂၈၁ ဦး၊ သတ္တမတန်း ၃၁၄ ဦး၊ ဆဋ္ဌမတန်း ၁၇၃ ဦး၊ ပဉ္စမတန်း ၈၀၊ စတုတ္ထတန်း ရှစ်ဦး စုစုပေါင်း ၁၇၁၂ ဦးအား ကိုဗစ် -၁၉ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေးခဲ့ခြင်းဖြစ်သည်။
စန်းဝင်း(ပြန်/ဆက်)


