နေပြည်တော် ၁၇ ဇူလိုင် 


ယနေ့ မြန်မာစံတော်ချိန် ၅ နာရီ၊ ၂၈ မိနစ်၊ ၅ စက္ကန့်တွင် စစ်တွေမြေငလျင်စခန်းမှ အရှေ့တောင်ဘက် (၁၀၃)မိုင် ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း ( တောင်ကုတ်မြို့၏ အနောက်မြောက်ဘက် (၂၁)မိုင် ခန့်အကွာ) မြောက် လတ္တီတွဒ် (၁၉.၁၀) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.ဝ၄) ဒီဂရီ၊ အနက် (၁၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး(၃.၅)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။


MDN