mdn

တောင်ကုတ်   အောက်တိုဘာ   ၇

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၌ လူမှုဝန်ထမ်းဦးစီးဌာနမှ ပေးပို့လှူဒါန်းသော ကိုဗစ်-၁၉ အထောက်အကူပြုပစ္စည်းများ ပေးအပ်လှူဒါန်းပွဲကို အောက်တိုဘာ ၆ ရက်က မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးသန်းထွေးနှင့် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဆွေဆွေတင့် တို့က ရှင်သန်ရေး ကူညီမှုအသင်းနှင့် ဝေယျာဝစ္စနာရေးကူညီမှုအသင်းတို့အား အသင်းအဖွဲ့တစ်ခုစီအတွက် PPE Level(2)(3) ဝတ်စုံ ၁၈ စုံ၊ N 95 Mask သုံးဘူး၊ လက်အိတ် နှစ်ဘူး၊ ခေါင်းစွတ် နှစ်ထုပ်၊ လက်သန့်ဆေး တစ်ဖာ၊ ဆာဂျီကေ Mask ၂၅ ထုပ်နှင့် Face shield များ ပေးအပ်လှူဒါန်းခဲ့ရာ အသင်းမှ တာဝန်ရှိ သူများက လက်ခံရယူခဲ့ကြောင်း သိရသည်။

စန်းဝင်း(ပြန်/ဆက်)