တောင်ကုတ် ဒီဇင်ဘာ ၁၀

တောင်ကုတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး၌ အခြေခံပညာအထက်တန်းအဆင့်၊ အလယ်တန်းအဆင့် စာပေမြတ်နိုးသူ လူငယ်များနှင့်ပူးပေါင်း၍  သက်ငယ်မုဒိမ်းမှု မဖြစ်ပေါ်စေရေး အသိပညာပေးခြင်းနှင့် "ဆယ်ကျော်သက်အရွယ်လူငယ်များအတွက်စာဖတ်ခြင်း" စာအုပ်များဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက် (၁၁)နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျန်းမာ ရေးဝန်ကြီးဌာန၏ ကိုဗစ် - ၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ စာဖတ်ဝိုင်းကျင်းပခဲ့သည်။

အဆိုပါစာဖတ်ဝိုင်းတွင် တောင်ကုတ်မြို့ ပြည်သူစာကြည့်တိုက် စာကြည့်တိုက်လက်ထောက် - ၃ ဒေါ်ဌေးဌေးလွင် က အမျိုးသမီးငယ်များသက်ငယ် မုဒိမ်းမှုများ မဖြစ်ပေါ်စေရေးအတွက် နေထိုင်သွား လာသင့်သည် များအားများ အားရှင်းလင်းပြောကြားကာ စာပေမြတ်နိုးသူ လူငယ်များကသိရှိ လိုသည်များ အားမေးမြန်း၍ စာကြည့်တိုက်မှူးဒေါ်ဌေးဌေး လွင်ကပြန်လည်ဖြေကြားခဲ့သည်။

ဆက်လက်ပြီး မြို့နယ်ပြည်သူ့စာကြည့်တိုက်ရှိဆယ်ကျော်သက်ရွယ် လူငယ်များအတွက် စာဖတ် ခြင်းစာအုပ်ဖြင့်စာဖတ်ဝိုင်းပြုလုပ်ခဲ့ရာ စာပေမြတ် နိုးသူများက မှတ်မိသမျှပြန်လည်ဆွေးနွေးကာ စာကြည့်တိုက်မှူးဒေါ်ဌေးဌေးလွင်က စာအုပ်ပါ အကြောင်းအရာများအား ပြန်လည်ရှင်းလင်းပြောပြခဲ့ကြောင်း သိရသည်။

စန်းဝင်း( တောင်ကုတ်ပြန်ဆက်)