တောင်ကုတ် ဇူလိုင် ၁၅

ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်တွင် မြို့နယ်အတွင်း စိုက်ပျိုးသီးနှံ တိုးတက် ထုတ်လုပ်မှု မြင့်မားရေး အတွက် ၂၀၂၃ ခုနှစ် မိုးရာသီတွင် လယ်ယာမြေများ အချိန်မီ ထွန်ယက်စိုက်ပျိုးနိုင်ရေးနှင့် အထွက်နှုန်း တိုးတက် မြင့်မားရေး အတွက် မြို့နယ်စိုက်ပျိုးရေး ကြီးကြပ်အဖွဲ့မှ တောင်ကုတ်-သံတွဲ ကားလမ်းတစ်လျှောက်ရှိ တောင်သူများနှင့်တွေ့ဆုံ၍ ကွင်းဆင်းကြီးကြပ်ခြင်းကို ဇူလိုင် ၁၄ ရက်က ဆောင်ရွက်ခဲ့ကြသည်။

တောင်ကုတ်မြို့နယ်တွင် မိုးစပါး စိုက်ဧက ၆၈၄၀၂ဧက စိုက်ပျိုးလျက်ရှိပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ယခုနှစ် မိုးရာသီတွင် မိုးစပါးအထွက်နှုန်း ပိုမိုထွက်ရှိရေးအတွက် ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)