တောင်ကုတ်   မေ ၁၅

 

ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်၌ မြို့ပေါ်ရှိ ဆိုင်ကလုန်းမုန်တိုင်း ဘေးရှောင် ယာယီစခန်းများတွင် လာရောက်ခိုလှုံကြသည့် ပြည်သူများအား ယနေ့ နံနက်ပိုင်းမှစ၍ ၎င်းတို့၏ နေရပ်များသို့ ပြန်လည်ပို့ဆောင်ပေးလျက်ရှိကြောင်း သိရသည်။

 

ထိုသို့ပို့ဆောင်ပေးရာတွင် ခရိုင်သဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်မြင့်လှိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်တိုး နှင့် အဖွဲ့၀င်များ ၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ ၊ တောင်ကုတ်တပ်နယ်မှ အရာရှိ ၊ စစ်သည်များ နှင့် ရဲတပ်ဖွဲ့၀င်များက မြိို့ပေါ်ရှိ ယာယီခိုလှုံရာစခန်းများဖြစ်သည့် အာလိန်ငါးဆင့် ကျောင်းတိုက်၊ ဘုရားကြီးကျောင်းတိုက် ၊ ဝိသုတာရာမကျောင်းတိုက် ၊ ဝိသုဒ္ဒါရုံကျောင်းတိုက် ၊ သဒ္ဓမ္မရောင်ရှိန်ကျောင်း တိုက်နှင့် အမ္ဗာရာမကျောင်းတိုက်များတွင် ယာယီခိုလှုံခဲ့ကြသည့် ငမောက်ချောင်းကျေးရွာအုပ်စု၊ အရှေ့ဘက်ကျေးရွာအုပ်စု၊ ကုလားရောင်ကျေးရွာအုပ်စုနှင့် ဖောင်းခါးကျေးရွာအုပ်စုများမှ ပြည်သူများ အား ၎င်းတို့၏ နေရပ်များသို့ ပြန်လည်ပို့ဆောင်ပေးလျက်ရှိကြောင်း သိရသည်။

(မြို့နယ် ပြန်/ဆက်)