တောင်ကုတ်၊ ၁၃ ဇန်နဝါရီ
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ တောင်ကုတ်မြို့နယ် မီးသတ်စခန်း၌ ဇန်နဝါရီ ၁၁ ရက် နံနက်ပိုင်း ငလျင်ဘေးအန္တရာယ်များဖြစ်ပေါ်လာပါက အရေးပေါ်ရှာဖွကယ်ဆယ်ရေးလုပ်ငန်းများ အချိန်နှင့် တစ်ပြေးညီ တုံ့ပြန်ဆောင်ရွက်နိုင်ရန် ကြိုတင်ဇာတ်တိုက်လေ့ကျင့်မှုပြုလုပ်ခဲ့သည်။
ငလျင်ဘေးအန္တရာယ်ရှာဖွေကယ်ဆယ်ရေး ကြိုတင်ဇာတ်တိုက်လေ့ကျင့်ခြင်းကို တောင်ကုတ်မြို့နယ် မီးသတ်တပ်ဖွဲ့မှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဆွေလင်းမောင် ဦးဆောင်၍ မြို့နယ်မီးသတ်စခန်းမှ ဒုမီးသတ်ဦးစီးမှူး ဦးခင်ကျော်လင်း ကြီးကြပ်သည့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၁၅ ဦး၊ မီးငြှိမ်းသတ်ယာဉ် တစ်စီးဖြင့် ငလျင်ဘေးအန္တရာယ် ရှာဖွေကယ်ဆယ်ရေး ကြိုတင်ဇာတ်တိုက်လေ့ကျင့်မှုအား ပြုလုပ် ဆောင်ရွက်ခဲ့သည်။
အဆိုပါ ဇာတ်တိုက်လေ့ကျင့်မှုတွင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ရှေးဦးသူနာပြုစုနည်းများဖြင့် ပြုစုကုသခြင်း နီးစပ်ရာကျန်းမာရေးဌာနသို့ လွှဲပြောင်းပို့ဆောင်ခြင်းနှင့် မီးလောင်မှုများအား စနစ်တကျ မီးငြှိမ်းသတ်ခြင်းများ လေ့ကျင့်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


