တောင်ကုတ် ဧပြီ ၅

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်တွင်  ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲ ရူပဗေဒဘာသာရပ်ကို ဧပြီ ၅ ရက် နံနက်ပိုင်းက မြို့နယ်အတွင်းရှိ စာစစ်ဌာန ခုနစ်ခု၌ ကျောင်းသား၊ ‌ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုလျက်ခဲ့ရာ ဖြေဆိုမှုရာခိုင်နှုန်း ၉၁ ဒသမ ၀၂ ရာခိုင်နှုန်း ရှိကြောင်းသိရသည်။

တောင်ကုတ်မြို့နယ်တွင် စာစစ်ဌာနများအဖြစ် မြို့ပေါ်၌ အထက-၁၊ အထက(၂)၊ အထက(၃)နှင့် အကထ-၄(ဂူတာ) ကျောင်းများတွင်လည်းကောင်း ၊ တန်းလွဲမြို့တွင် အထက(ရွာမ)တွင် လည်းကောင်း၊ မအီမြို့တွင် အထက (မအီ)နှင့် အထက(လမူးမော်)တွင် လည်းကောင်း ဖွင့်လှစ်ထားရှိပြီး အဆိုပါ စာစစ်ဌာန ခုနစ်ခု၌ ကျောင်းသား ၉၆၇ ဦး၊ ကျောင်းသူ ၁၄၉၇ ဦး စုစုပေါင်း ၂၄၆၄ ဦး ဝင်ရောက်ဖြေဆိုခဲ့သည်။ ဖြေဆိုရန်ပျက်ကွက်သူ ကျောင်းသား ၁၄၄ ဦး၊ ကျောင်းသူ ၉၉ ဦး စုစုပေါင်း ၂၄၃ ဦး ရှိခဲ့သည့်အတွက် ဖြေဆိုမှုရာခိုင်နှုန်း ၉၁ ၀၂ ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)