တောင်ကုတ် ၂၀ ဇန်နဝါရီ
သဘာဝမြေသြဇာ ပြုလုပ်သုံးစွဲနည်းပညာ လက်တွေ့သရုပ်ပြပွဲကို ဇန်နဝါရီ ၁၉ ရက် တောင်ကုတ်မြို့နယ် ကင်းတောင်ကျေးရွာရှိ ဘက်စုံအဆင့်မြင့် နည်းပညာသုံးစံပြစိုက်ကွင်းတွင် ပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးထွန်းသိန်းက သဘာဝဓာတ်မြေသြဇာ ပြုလုပ်သုံးစွဲနည်းပညာနှင့် အကျိုးကျေးဇူးများ၊ လက်တွေ့ပြုလုပ်သုံးစွဲခြင်း နည်းပညာများအား သရုပ်ပြဆွေးနွေးခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမင်းအောင်၊ သံတွဲခရိုင် စိုက်ပျိုးရေးဦးစီးမှူး၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျေးရွာအုပ်စု (၅)အုပ်စုမှ ရပ်ကျေး အုပ်ချုပ်ရေးမှူးနှင့် တောင်သူများ စုစုပေါင်း (၆၅)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
နေမျိုးအောင်(ခရိုင်ပြန်/ဆက်)