တောင်ငူ၊ ကသာမြို့နယ်တို့တွင် တရားမဝင်သစ်များ ဖမ်းဆီးရမိ

နေပြည်တော် ၁၅  ဖေဖော်ဝါရီ 


ပြည်သူလူထု ပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှု သတင်းပို့စနစ် CMRS ဖြင့် သတင်းပေးပို့ချက်အရ ဖေဖော်ဝါရီ ၁၄ ရက်တွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး၊ ရေတာရှည်မြို့နယ် ဦးစီးအရာရှိနှင့် သစ်တောဝန်ထမ်းများ၊ သစ်တောရဲတို့ ပါဝင်သော ခရိုင်ပူးပေါင်းအဖွဲ့သည် အုတ်တွင်း-တောင်ငူ ဆက်စပ်နေရာများအား ရှင်းလင်းဆောင်ရွက်ရာ ခပေါင်းကြိုးဝိုင်းအတွင်း နေရာ (၆) နေရာမှ စုစုပေါင်း တရားမဝင် ကျွန်းသစ်လုံး/ ခွဲသား/ ခွဲခြမ်း (၄၅ ဒသမ ၆၄၂၄) တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့သည်။

 

123


အလားတူ ဖေဖော်ဝါရီ ၁၃ ရက်က ကသာခရိုင်၊ ကသာမြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တို့ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကသာမြို့နယ်၊ ဆင်ကုန်တိုင်ရွာ အနောက်ဘက်၊ ရေနီကျေးရွာ မြောက်ဘက်နှင့် မြောက်မိုးတားကြိုးဝိုင်းအကွက် (၂၉) အတွင်းမှ တရားမဝင် ကညင်သစ် (၂၂) လုံး (၆၅ ဒသမ ၁၁၂၀) တန်၊ တရားခံ (၁) ဦးနှင့်အတူ အင်ဂျင် (၁) လုံး၊ လွှဝိုင်း (၁) ဝိုင်းနှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိခဲ့ပြီး ပြစ်မှုကျူးလွန်သူများအား  ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိပါကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။ 


(မောင်လူမော်)

 

123