တောင်ငူ ဇွန် ၇

 

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်အတွင်း မိုးစပါးဧက ၄ ဒသမ ၅၀ သိန်းကျော်ကို နှစ်စဉ်စိုက်ပျိုး လျက်ရှိပြီး စိုက်ပျိုးရာသီ တစ်လျှောက် ရေကြီးနစ်မြုပ်မှု မဖြစ်ပေါ်စေရေးအတွက် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက ရေနုတ်မြောင်း တူးဖော်ခြင်း လုပ်ငန်းများကို မိုးမကျမီ တူးဖော်ဆောင်ရွက်ပေးလျက်ရှိရာ ရေတာရှည်မြို့နယ် ညောင်ပင်သာကျေးရွာအုပ်စုအတွင်းရှိ လယ်မြေဧက ၄၅၀ အပါအဝင် ဧရိယာ ၆၃၅ ဧကကို ကာကွယ်ပေးနိုင်မည့် ရေနုတ်မြောင်းတူးဖော်ခြင်းလုပ်ငန်း လေးခု၊ တောင်ငူမြို့နယ် ကန်ရိုးကျေးရွာအုပ်စုအတွင်းရှိ လယ်မြေ ဧက ၃၀၀၀ အပါအဝင် ဧရိယာ ဧက ၄၀၅၀ ကို ကာကွယ်ပေးနိုင်မည့် ရေနုတ်မြောင်းတူးဖော်ခြင်း လုပ်ငန်းငါးခု၊ အုတ်တွင်းမြို့နယ် ရေသိုးကျေးရွာအုပ်စုအတွင်းရှိ လယ်မြေဧက ၂၀၀ အပါအဝင် ဧရိယာဧက ၆၀၀ ကို ကာကွယ်နိုင်မည့် ရေနုတ်မြောင်းတူးဖော်ခြင်း လုပ်ငန်းနှစ်ခုတို့ကို တူးဖော်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဇော်ကိုကို(​တောင်ငူ)