တောင်ငူ ဇွန်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်စားသုံးသူရေးရာဉီးစီးဌာန၊ ခရိုင်ဉီးစီးမှူး ဉီးမျိုးအောင်သည် ခရိုင်အတွင်းရှိ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအား ယမန်နေ့မွန်းလွဲ နာရီခွဲအချိန်က ခရိုင်စားသုံးသူရေးရာဉီးစီးဌာနရုံး၌ တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင်ခရိုင်စားသုံးသူရေးရာဉီးစီးဌာန၊ ခရိုင်ဉီးစီးမှူး ဉီးမျိုးအောင်က စားသုံးဆီဖြန့်ဖြူးနေမှုအခြေအနေများ၊ သတ်မှတ်ရည်ညွှန်းစျေးအပေါ်သယ်ယူစရိတ်ပေါင်း၍ ( %) အမြတ်ဖြင့်ရောင်းချရန်၊ စားသုံးဆီများကိုသတ်မှတ်စျေးနှုန်းဖြင့်  သာရောင်းချကြစေရန်၊ သတ်မှတ်အရေအတွက်နှင့် အလေးချိန် ပြည့်ဝစွာရောင်းချရန်နှင့် စားသုံးဆီများကိုစျေးကစားရန်  ရည်ရွယ်၍ သိုလှောင်ခြင်း၊ စျေးနှုန်း အဆမတန်မြှင့်တင်ရောင်းချခြင်းများမပြုလုပ်ကြရန်တို့ကိုအသေးစိတ်ရှင်းလင်းဆွေးနွေးပြောကြားသည်။ ထို့နောက် တောင်ငူခရိုင်အတွင်းရှိ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များက လုပ်ငန်းအခက်အခဲများနှင့် လိုအပ်ချက်များကို ပြန်လည်ဆွေးနွေးပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲသို့ တောင်ငူခရိုင်အတွင်းရှိ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင် (၂၀) ဉီးခန့် တက်ရောက်ခဲ့ကြောင်းသိရသည်။

ဇော်ကိုကို (တောင်ငူ)