တောင်ငူ နိုဝင်ဘာ ၂၆
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်လူမှု ဝန်ထမ်းဦးစီးဌာန အိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်ကျောင်း တို့ပူးပေါင်းကာ ခရိုင်လူထုအခြေပြု ဗဟိုဌာန Community Centre ခန်းမတွင် ယနေ့ နံနက်ပိုင်းက "ပန်းအလှပြင်သင်တန်း" ဖွင့်လှစ်သည်။
သင်တန်း၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေမိုးက သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ အိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်ကျောင်း သင်တန်းနည်းပြ ဒေါ်ဝင်းမြတ်စိုးက ပန်းအလှပြင်နည်းများဖြစ်သည့် စက်ဝိုင်းပုံပန်းထိုးနည်း ၊ ယပ်တောင်ပုံပန်းထိုးနည်း ၊ တြိဂံပုံ ပန်းထိုးနည်း ၊ နှစ်ဖက်လှပန်းထိုးနည်း ၊ တစ်ဖက်လှပန်းထိုးနည်း ၊ ပန်းအနိမ့်ထိုးနည်းများကို အခြေခံမှစ၍ သိရှိနားလည် သည်အထိ လက်တွေ့သရုပ်ပြထိုးနည်းများအား ရှင်းလင်းပို့ချသည်။
အဆိုပါ သင်တန်းသို့ တက်ရောက်ကြသည့် သင်တန်းသူ ၂၀ က နည်းပြမှ ပို့ချသည့် ပန်းထိုးနည်းများအား လက်တွေ့လေ့ကျင့်ကာ ပြန်လည်သရုပ်ပြသခဲ့ကြကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်