နေပြည်တော်  ၃  နိုဝင်ဘာ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၌ နိုဝင်ဘာ ၂ ရက်က လိုင်စင်မဲ့ယာဉ်နှင့်အတူ တရားမဝင် ကျောက်စိမ်းတုံး များနှင့် ကျောက်စိမ်းဖြတ်စများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ နိုဝင်ဘာ ၂ ရက် ညနေ ၄ နာရီခွဲတွင် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ တောင်ငူမြို့ (၁၅)ရပ်ကွက်ရှိ “အောင်ညဏ်ဖြိုး” လက်ဖက်ရည်ဆိုင်ရှေ့၌ ရပ်တန့်ထားသည့် (၅)ရပ်ကွက်နေ စောကျော်ဝင်း(ခ)ကျော်နိုင်ဝင်း၏ 9N/xxxx Mark X ယာဉ်အား စစ်ဆေးရာ ယာဉ်နှင့် ပတ်သက်သည့် အထောက်အထား တစ်စုံတစ်ရာမတွေ့ရှိသည့်အပြင် ယာဉ်၏နောက်ခန်းအတွင်းမှ တရားမဝင် ကျောက်စိမ်းတုံး ၂၆ တုံး၊ ကျောက်စိမ်းဖြတ်စ ၄ စ (စုစုပေါင်းအလေးချိန် 7 ဒသမ 03 Kg)အား တွေ့ရှိ သိမ်းဆည်းရမိခဲ့သဖြင့် စောကျော်ဝင်း(ခ) ကျော်နိုင်ဝင်းအား တောင်ငူမြို့၊အမှတ်(၂) နယ်မြေရဲစခန်း၌ ပို့ကုန်/သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့်လည်းကောင်း၊ မြန်မာ့ကျောက်မျက်ရတနာ ဥပဒေပုဒ်မ ၅၁(က)/(ခ) ဖြင့် လည်းကောင်း အသီးသီး အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

(ရဲပြန်ကြား)