နေပြည်တော်  ဒီဇင်ဘာ   ၁၆

 

ပဲခူးတိုင်းဒေသကြီး      တောင်ငူမြို့နယ်  ကေတုမတီမြို့သစ်ရှိ သီတဂူကေတုမတီ  ဗုဒ္ဓတက္ကသိုလ် အာယုဒါနဆေးရုံတော်၌ မျက်စိဝေဒနာရှင်များအား   လိုအပ်သည့် ခွဲစိတ်ကုသမှုများ  ဆောင်ရွက် ပေးလျက်ရှိရာ    ယင်းသို့    ဆောင်ရွက် ပေးနေမှုများကို တောင်ပိုင်းတိုင်း စစ်ဌာနချုပ်   တိုင်းမှူး   ဗိုလ်ချုပ် ထိန်ဝင်းနှင့်     တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းတွင် သွားရောက် ကြည့်ရှုအားပေးပြီး   တိုင်းမှူးနှင့် စေတနာရှင်      အလှူရှင်များက မျက်စိဝေဒနာရှင်များအတွက် အလှူငွေများ  ပေးအပ်လှူဒါန်းကြ သည်။

 

အဆိုပါ     သီတဂူကေတုမတီ ဗုဒ္ဓတက္ကသိုလ်၊   အာယုဒါနဆေးရုံ တော်သည်  ရွှေကျင် သာသနာပိုင်၊ သီတဂူဗုဒ္ဓတက္ကသိုလ်များနှင့် ဆေးရုံတော်များ၏ အဓိပတိ အဘိဓဇအဂ္ဂမဟာ     သဒ္ဓမ္မ ဇောတိကဓဇ၊  အဘိဓဇအဂ္ဂမဟာ ပဏ္ဍိတ   ဗဟုဇနဟိတဓရ ဘဒ္ဒန္တ ဒေါက်တာ  ဉာဏိဿရ   တည် ထောင်တော်မူသည့်  ဆေးရုံတော် ၄၇   ခုအနက်   အခု  ၄၀    မြောက် အာယုဒါန           ဆေးရုံတော်ဖြစ်ပြီး မျက်စိဝေဒနာရှင်များအား     ဒီဇင်ဘာ ၁၅ ရက်မှ ၂၂ ရက် အထိ  မျက်စိ ဝေဒနာရှင် ၃၀၀၀ တို့ကို   မျက်စိအထူးကုဆရာဝန် ကြီးများ၊   ပါရဂူများ၊       ဆရာဝန်များ၊ တပ်မတော်သား    ပါရဂူဆရာဝန်များနှင့်  ကျန်းမာရေးဝန်ထမ်းများက     မျက်စိစမ်းသပ် စစ်ဆေး ပေးခြင်း၊ လေဆာပစ်ခြင်း၊ ခွဲစိတ်ကုသခြင်း၊  မျက်စိတိမ်များခြစ်ထုတ်ပေးခြင်းနှင့် မျက်လုံး အစားထိုးကုသ ပေးခြင်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။                         

သတင်းစဉ်