တောင်ငူမြို့နယ်၊ ပေါင်းလောင်းတိန်ကျေးရွာ ၂၄ ပဌာန်းစေတီတော် ဌာပနာ ရွှေထည်ပစ္စည်းများ ဖောက်ထွင်းခိုးယူခံရ

တောင်ငူ ၇ ဇွန် 

 

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ ဒိုးသောင်ကျေးရွာအုပ်စု၊ ပေါင်းလောင်တိန်ကျေးရွာအနီးရှိ  ၂၄ ပဌာန်းစေတီတော်အတွင်း ထည့်သွင်းပူဇော်ထားသည့် ဌာပနာ ရွှေထည်ပစ္စည်းများ ဖောက်ထွက်ခိုးယူခံရမှုဖြစ်ပွားခဲ့ပြီး ဥမှင်ကျော်ကျောင်းဆရာတော် ဦးသူရိယမှ ဇွန် ၆ ရက်နေ့ ည ၉ နာရီအချိန်တွင် ထုံးဘိုကြီး နယ်မြေရဲစခန်းသို့ အမှုဖွင့်တိုင်တန်းခဲ့ခြင်းဖြစ်သည်။ 

 

အမှုမှာ အဆိုပါနေ့ မွန်းလွဲပိုင်းက ဆရာတော်သည် ကျောင်း၌ရှိနေချိန် ကျောင်းနှင့် ၂ ဖာလုံခန့်တွင်တည်ထားကိုးကွယ်ထားသည့် ၂၄ ပဌာန်းစေတီတော် ခါးစီးနှင့် ပန်းမှောက်ကြားတွင် ၅ လက်မပတ်လည်ခန့်ရှိ အပေါက်တစ်ခုတွေ့ရှိရကြောင်းသိရှိရ၍ ကျေးရွာဂေါပကအဖွဲ့နှင့်တူ သွားရောက်ကြည့်ရှုခဲ့ရာတွင် ဘုရားတည်ထားစဉ်က စေတနာရှင်များ လှူဒါန်းထားသော ရွှေထည်လက်ဝတ်လက်စားမျိုးစုံ တန်ဘိုး ၁၁ သိန်းကျော်ဘိုး ခိုးယူပျောက်ဆုံးလျက်တွေ့ရှိရခြင်းဖြစ်ကြောင်း ရဲစခန်းမှတ်တမ်းများအရ သိရှိရသည်။

 

ဖောက်ထွင်းခိုးယူခံရသည့် ၂၄ ပဌာန်းစေတီတော်အား ထုံးဘိုကြီနယ်မြေရဲစခန်း၊ စခန်းမှူး စိုးစိုးပိုင် ဦးစီးအဖွဲ့က သွားရောက်စစ်ဆေးခဲ့ပြီး ဖောက်ထွင်းခိုးယူသွားသူအား အမြန်ဆုံးဖော်ထုတ်ဖမ်းဆီးနိုင်ရေး ရဲစခန်းတွင် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။ 

 

ကိုလွင်(ဆွာ)

 

jajf.