တောင်ငူ စက်တင်ဘာ ၁၄

 

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ညွှန်ကြားမှုဖြင့် တောင်ငူခရိုင် တောင်ငူမြို့နယ်အတွင်း ဆေးဝါးနှင့် ဆေးဝါးပစ္စည်းရောင်းချဆိုင်များ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တင်သွင်းရောင်းချခြင်း ရှိ မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့ နံနက်ပိုင်းက ကုန်သည်ကြီးလမ်း နှင့် စျေးလမ်းရှိ ဆေးဝါးရောင်းချဆိုင်များအား ကွင်းဆင်းစစ်ဆေးသည်။

 

ထိုသို့စစ်ဆေးရာ၌ တောင်ငူခရိုင် အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးဦးစီးဌာန ၊ မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ တို့ပူးပေါင်းကာ ဆေးဝါးနှင့်ဆေးဝါးပစ္စည်း ရောင်းချဆိုင်များ၏ လုပ်ငန်းရှင်များနှင့်တွေ့ဆုံကာ စျေးကွက်အတွင်း ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး (အတု) ရောင်းချနေမှုများ ရှိ မရှိ စစ်ဆေးသည်။

 

ဆက်လက်၍ အဆိုပါပူးပေါင်းအဖွဲ့နှင့် ဆေးဝါးနှင့်ဆေးဝါး ပစ္စည်းစျေးကွက်စောင့်ကြည့်ရေးအဖွဲ့မှ ကိုဗစ်−၁၉ ရောဂါဖြစ်ပွားနေစဉ် ကာလအတွင်း ရောဂါကာကွယ်ကုသရေး ဆေးပစ္စည်းများနှင့် အထောက်အကူပြုပစ္စည်းများ ဆေးဝါးနှင့် ဆေးပစ္စည်းများ သတ်မှတ်အရည်အသွေးနှင့် ဈေးနှုန်းမှန်ကန်စေရေးအတွက်  ဈေးကွက်အတွင်း ရောဂါကာကွယ်ရေး အထောက်အပြု ပစ္စည်းများ ဆေးဝါးနှင့် ဆေးပစ္စည်းများ သတ်မှတ်အရည်အသွေးနှင့် ဈေးနှုန်း မှန်ကန်မှုရှိစေရေးနှင့် ဆေးဝါးသိုလှောင် အမြတ်တင်ရောင်းချမှုမရှိစေရေးနှင့် ဆေးဆိုင်များအားလုံး နေ့စဉ် ပုံမှန်ဖွင့်လှစ်ရောင်းချနိုင်ရေး ဈေးကွက်အတွင်း ဆေးဝါးနှင့်ဆေးပစ္စည်းများ ပြတ်လပ်မှု မဖြစ်ပေါ်စေရေး ဈေးကွက်အတွင်း ဈေးနှုန်းအဆမတန် မြှင့်တင်ရောင်းချခြင်း မရှိစေရေး ဈေးကစားရန် ရည်ရွယ်၍ သိုလှောင်သိမ်းဆည်းခြင်းများ မပြုလုပ်စေရေး တရားမဝင်ကုန်ပစ္စည်းများနှင့် အတုအပနှင့် အရည်အသွေးနိမ့် ပစ္စည်းများရောင်းချခြင်း မရှိစေရေးအတွက် အထူးကြပ်မတ် စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ပြီး လိုက်နာမှုမရှိပါက တည်ဆဲဉပဒေများနှင့်အညီ အရေးယူဆောင်ရွက် မည်ဖြစ်ကြောင်း ဆေးဝါးဝယ်ယူ သယ်ဆောင်ရန် အခက်အခဲများရှိပါက ဆေးဝါးနှင့် ဆေးဝါးပစ္စည်းများ ဈေးကွက်စောင့်ကြည့် စစ်ဆေးကြပ်မတ် ရေးအဖွဲ့ထံသို့ တင်ပြဆွေးနွေးသွားရန် မှာကြားခဲ့ကြောင်း သိရသည်။

 

ခရိုင်(ပြန်/ဆက်)