တောင်ငူ ၁၃  မတ် 


ပဲခူးတိုင်းဒေသကြီး၊ တောင်ငူ-သံတောင်ကားလမ်း ၄ မိုင်စစ်ဆေးရေးဂိတ်တွင် မူးယစ်ဆေးဝါး သတင်းအရ စောင့်ဆိုင်းနေချိန် မတ် ၁၃ ရက်နေ့ ၁၂ နာရီ မိနစ် ၂၀ ခန့်က လွိုင်ကော်ဘက်မှ တောင်ငူမြို့သို့ ဆင်းလာသော ၆ ဘီး ကုန်တင်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေခဲ့ရာ ကုန်ပစ္စည်းများအောက်၌ ဝှက်၍ သယ်ဆောင်လာသော စိတ်ကြွရူးသွပ်ဆေးပြား ၉ သိန်း ၆ သောင်းကျော်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ 


တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၏ သတင်းချပြ ညွှန်ကြားချက်ဖြင့် ခရိုင်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးတို့မှ အနီးကပ်ကြီးကြပ်၍ တောင်ငူအမှတ်(၃) နယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ်နိုင်စိုးဦးနှင့်  အဖွဲ့သည် ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအုပ် တင်ဦး၊ ရဲအုပ် စိုင်းသီဟန်လင်း ဦးစီးတို့ပါဝင်သောပူးပေါင်းအဖွဲ့ဖြင့် တောင်ငူ-သံတောင်-လွိုင်ကော်ကားလမ်း ၄ မိုင် စစ်ဆေးရေးဂိတ်တွင် သတင်းအရ စောင့်ဆိုင်းနေစဉ် လွိုင်ကော်ဘက်မှ တောင်ငူသို့ ထွန်းထွန်းလင်း ၃၅ နှစ်၊ ဒေါမေရပ်ကွက်၊ လွိုင်ကော်မြို့နေသူ မောင်းနှင်ပြီး စိန်လွင်ဦး ၄၀ နှစ်၊ နန့်ဘဝမ်ရပ်ကွက်၊ ပင်လောင်းမြို့နယ်နေသူလိုက်ပါလာသော YGN-5K -----ဟီးနိုး ၆ ဘီးယာဉ်အား စစ်ဆေးရန် ရပ်တန့်ခိုင်းစဉ် စိန်လွင်ဦးမှာ ထွက်ပြေး တိမ်းရှောင်သွားခဲ့သည်။ 


ထို့နောက် ယာဉ်အား ဆက်လက်ရှာဖွေခဲ့ရာ ယာဉ်ပေါ်တွင် တင်ဆောင်လာသည့် ကုန်မျိုးစုံအနက် ကြက်သွန်ဖြူ/နီ အိတ်များအောက်၌ WY စာတမ်းနှင့် R စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၁၉၅ ပြားစီပါ ၁၀ ထုတ် ပါရှိသည့် အထုတ်(၅)ထုတ်၊ စုစုပေါင်း ဆေးပြား(၉၇၅၀)ပြားပါရှိသည့် အထုတ်ကြီး(၃၀)ထုတ်၊ စုစုပေါင်း ၃၀၂၂၅၀ ပြား၊ အပြာစင်းပါ ပီနန် အိတ်အတွင်း ဆီစိမ် စက္ကူဖြင့်ပတ်လျက်ထည့်ထားသော WY နှင့် R တံဆိပ်ပါ စိတ်ကြွရူးသွပ်ဆေးပြား တစ်ထုတ်လျင် ၁၉၅ ပြားပါ ၁၀ ထုတ်စီပါရှိသည့် အထုတ် ၅ ထုတ် စုစုပေါင်း(၉၇၅၀)စီပါ ပါကင် ထုတ်ကြီး ၃၂ ထုတ်၊ စုစု ပေါင်း ၃၁၂၀ဝ၀၊ အဝါရောင်အစင်းပါ ပီနန်အိတ်အတွင်း ဆီစိမ် စက္ကူဖြင့်ထုတ်ထားသည့် WY နှင့် R စာတမ်းပါ အထုတ်တစ်ထုတ်လျင် ၉၇၅၀ စီပါ အထုတ်ကြီး ၃၂ ထုတ်၊ ပေါင်း ၃၅၁၀ဝ၀  စုစု ပေါင်း ၉၆၅၂၅၀ ပြား၊ ကာလတန်ဖိုး(၂၈၉၅၇၅၀ဝ၀ဝ၀)ကျပ်၊ ငွေစက္ကူရောရာ ၉ သောင်းကျပ်၊ ယာဉ် မောင်းလိုင်စင်တစ်ခု၊ နိုင်ငံသားကတ်ပြား တစ်ခုတို့ကို ဖမ်းဆီးရမိခဲ့သည့်အတွက် တောင်ငူအမှတ်(၃)နယ်မြေရဲစခန်းမှ အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်းသိရသည်။ 


ကိုလွင်(ဆွာ)