တောင်ငူ နိုဝင်ဘာ ၃၀
 

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် တောင်ငူမြို့နယ်အတွင်း ကိုဗစ်၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံရန် ကျန်ရှိသူများအားဆေးထိုးစုရပ်ဖြစ်သည့် မြစည်းခုံသာသနာ့ဗိမာန်ဝန်း ၊ အမှတ် ၅ ရပ်ကွက် ကေလဇာတီဘုရားဝန်း၊  ကေတုမတီမြို့သစ် မြို့ဦးကျောင်းတိုက် ၊ ဂယ်ခိုဂယ်ဘား ခရစ်ယာန်ကျောင်းတို့၌ နံနက် ၈ နာရီမှ မွန်းလွဲ ၂ နာရီအထိ ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။


ထို့သို့ဆောင်ရွက်ရာတွင် အသက် ၅၅ နှစ်နှင့် အထက် သက်ကြီးရွယ်အိုများ၊ အစိုးရနှင့် ပုဂ္ဂလိက ကျန်းမာရေးဝန်ထမ်းများ ၊ နိုင်ငံ့ဝန်ထမ်းများ ၊ ပုဂ္ဂလိက စက်ရုံအလုပ်ရုံ ဝန်ထမ်းများ ၊စေတနာ့ဝန်ထမ်းများ၊ EAOများ ၊ အကျဥ်းထောင်များမှ အကျဥ်းသား အချုပ်သားများ ၊ ဟိုတယ် မိုတယ်နှင့်  တည်းခိုခန်းအစားအသောက် ဝန်ဆောင်မှုလုပ်ငန်းများမှ  ဝန်ထမ်းများ ၊ စျေးသူစျေးသားများနှင့် စျေးရောင်းချသူများ ၊ ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ ၊ မသန်စွမ်းများ ၊ နာတာရှည်ရောဂါ
အခံရှိသူများအား တစ်ရက်လျှင် လူဦးရေ ၂၅၀ နှုန်းဖြင့်  ထိုးနှံပေးလျက်ရှိသည်။
 

ထို့ပြင် ကာကွယ်ဆေး ဒုတိယအကြိမ်မြောက် ထိုးနှံနိုင်မည့်သူများအား အမှတ် ၈ ရပ်ကွက် ဂယ်ခိုဂယ်ဘား ခရစ်ယာန်ကျောင်း၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
 
 
ဇော်ထက်(တောင်ငူ ပြန်/ဆက်)