တောင်ငူ  ၅ မေ

 

ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်စဉ်တစ်ခုဖြစ်သည့် Fever Clinic ကို မြန်မာနိုင်ငံ ဆရာဝန်အသင်းမှ ဦးဆောင်မှုဖြင့် တောင်ငူမြို့နယ်ရှိ ဆေးရုံကြီးနှင့် အထူးကုဆေးရုံများမှ Volunteer အထူးကု ဆရာဝန်ကြီးများ၊ သူနာပြုများ၊ ပရဟိတ စိတ်ပါဝင်စားသူများဖြင့် စုစည်း၍  သာသနာ့ဗိမ္မာန်အောက်ထပ်တွင် ဖွင့်လှစ်သွားမည်ကြောင်း တောင်ငူမြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းထံမှ သိရသည်။

 

များမကြာမီ သွေးလွန်တုပ်ကွေးရာသီ ရောက်လာတော့မှာဖြစ်သည့်အတွက် ပတ်ဝန်းကျင်နေပြည်သူများမှ စိုးရိမ်စိတ် မလွန်ကဲစေရေး၊ ဆေးခန်းအချို့မှာလည်း ပိတ်ထားသဖြင့် လူနာများအဆင်ပြေစေရေး၊ ဆေးရုံကြီးအတွက် အထောက်အကူဖြစ်စေရေး၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးတို့အတွက် ရည်ရွယ်ကာ ဖွင့်လှစ်သွား မည်ဖြစ်ပြီး Fever Clinic မှတစ်ဆင့် သံသယလူနာတွေ့ရှိပါက ကိုဗစ်-၁၉ ရောဂါ ကွပ်ကဲရေးရုံး အစီအအစဉ်ဖြင့် ဆေးရုံကြီးသို့ ဆက်လက်ပို့ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

 

တာဝန်ထမ်းဆောင်မည့် Volunteer များအားလုံးကိုလည်း  PPE ဝတ်စုံအသုံးပြုနည်းများကို အထူးကုဆရာဝန်ကြီးများမှ ပို့ချဆောင်ရွက်ပြီးဖြစ်ကာ Fever Clinic သို့ လာရောက်ပြသမည့် လူနာများကို ကော်မတီအစီအစဉ်ဖြင့် အခမဲ့ ကုသဆောင်ရွက်ပေးသွားမည်ဖြစ်ပကြောင်း သိရသည်။

 

သူရ (တောင်ငူ)