မန္တလေး ဒီဇင်ဘာ ၈

 မန္တလေးမြို့ အောင်မြေသာစံခရိုင်ရှိ သီရိမာလာ ကုန်စိမ်းသီးနှံဈေးကွက်သို့ တောင်ပေါ်ဒေသများမှ ထွက်ရှိလာသည့် ဘိုစားပဲများ ဝင်ရောက်လာပြီး ဈေးကွက်အတွင်း အရောင်းအဝယ်များ ကောင်းနေကြောင်း မန္တလေးမြို့ အောင်ပွဲရုံပိုင်ရှင် ဦးအောင်မိုးနိုင်က ပြောသည်။

အဆိုပါ ဘိုစားပဲများကို လက်ရှိအချိန်တွင် တောင်ပေါ်ဒေသများ၌ အဓိကထားစိုက်ပျိုးကြပြီး မန္တလေးမြို့ ကုန်စိမ်းသီးနှံဈေးကွက်အတွင်းသို့ တောင်ပေါ်နယ်ဒေသတစ်ဝိုက်မှ ထွက်ရှိလာသည့် ဘိုစားပဲများ နေ့စဉ်ကားအစီးရေ သုံးစီးမှ လေးစီးခန့် ပုံမှန်ဝင်ရောက်နေကြောင်း၊ ယခုလက်ရှိ ဈေးနှုန်းများမှာ တစ်ပိဿာလျင်ငွေ ကျပ် ၄၀၀၀ ဈေးဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရသည်။  

“ဘိုစားပဲက တောင်ပေါ်ဒေသဘက်တွေကပဲ ထွက်ရှိပြီး ဈေးကိုအပြိုင်ဝင်ရောက်နေတယ်။ မြေပြန့်ဒေသဘက်ကထွက်တာ နည်းသေးပါတယ်။ စိုက်ပျိုးမှုတွေကလည်း ယခင်နှစ်တွေထက်စာရင် နည်းလာပါတယ်။ ဒါပေမယ့် ဈေးကွက်အတွင်းမှာ အရောင်းအဝယ်တွေ ကောင်းနေပါတယ်။ ကျန်တဲ့သီးနှံများဖြစ်တဲ့ ခရမ်းချဉ်၊ ဂေါ်ဖီ၊ မုံညင်း၊ မုန်လာဥ၊ ပဲရှည်သီး၊ ကြက်ဟင်းခါးသီး၊ မုံညင်းဖြူ၊ ခါကြက်ဥနဲ့ ကြက်သွန်နီစတဲ့ သီးနှံတွေလည်း အရောင်းအဝယ်တွေ ကောင်းနေပါတယ်” ဟု ဦးအောင်မိုးနိုင်က ပြောသည်။ 

မောင်အေးချမ်း