တောင်ပြိုလက်ဝဲမြို့ အမှတ်(၃) ရပ်ကွက်ရှိ လယ်ကွင်းများ၊ ကိုင်းတောနှင့်တောင်ကုန်းများတွင် မီးလောင်မှုဖြစ်ပွား

တောင်ပြိုလက်ဝဲ ၁၁ ဖေဖော်ဝါရီ 

 

တောင်ပြိုလက်ဝဲမြို့ အမှတ်(၃) ရပ်ကွက်ရှိ လယ်ကွင်းများ၊ ကိုင်းတောနှင့် တောင်ကုန်းများတွင် ယနေ့ မွန်းလွဲ ၂ နာရီအချိန်ခန့်တွင် မီးလောင်မှုဖြစ်ပွားခဲ့သည်။ မီးလောင်ရာသို့ တောင်ပြိုလက်ဝဲ နယ်မြေ မီးသတ်စခန်းမှ မီးသတ်ရေသယ်ယာဉ်ဖြင့် ဒုတပ်ကြပ် စောသူရိန်ထွန်း ဦးဆောင်တပ်ဖွဲ့ဝင် ၅ ဦး နှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများပူးပေါင်း၍ မီးသတ်ခဲ့ကြရာ ညနေ ၃ နာရီ အချိန်ခန့်တွင် လုံးဝမီးငြိမ်းသတ် နိုင်ခဲ့ကြသည်။ 

 

အဆိုပါမီးလောင်မှုသည် လမ်းသွား လမ်းလာသူများ ဆေးလိပ်မီးပွားဆစွာ စွန့်ပစ်ခဲ့ရာမှတစ်ဆင့် ကူးစက်မီးလောင် မှု ဖြစ်ပွားခြင်းဖြစ်ကြောင်း မြို့နယ် ပြန်/ဆက်မှ သိရသည်။

 

MDN

 

IMG20