တောင်ပြိုလက်ဝဲ       ဇွန်       ၁၇

 

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲမြို့တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းကို ဇွန် ၁၇ ရက် နံနက်ပိုင်းက တောင်ပြိုလက်ဝဲမြို့၊ စာစစ်ဌာနအထက၌ ထုတ်ပြန်ခဲ့သည်။

 

တောင်ပြိုလက်ဝဲမြို့၊ အထကတွင် စာရင်းရှိ ၁၂၅ ဦး၊ ဖြေဆိုသူ ၁၁၉ ဦးတွင် အောင်မြင်သူ ၆၁ ဦးရှိပြီး အောင်ချက် ရာခိုင်နှုန်း ၅၁ ဒသမ ၂၆ ရှိကာ သုံးဘာသာ ၁၁ ဦး၊ နှစ်ဘာသာ ၁၂ ဦး၊ တစ်ဘာသာ ၂၀ ရှိကြောင်း သိရသည်။

 

သိန်းနိုင်(ပြန်/ဆက်)