ရေဦး   ၁၀   ဒီဇင်ဘာ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့နယ် ရေဦး-ကလေးဝလမ်း မဟာမြိုင်တောကြီးအတွင်းရှိ တောင်ပြင်ငယ် ကျေးရွာတွင် Solar mini-grid ဖြင့် အသေးစား လျှပ်စစ်ဓာတ်အားရရှိရေး ဆောင်ရွက် လျက်ရှိကြောင်း ရေဦးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနမှ သိရသည်။

 

079

 

အဆိုပါ ကျေးရွာသည် အိမ်ခြေ ၄၁၃ အိမ်၊ လူဦးရေ ၂၂၉၈ ဦးရှိပြီး ရေဦးမြို့နှင့် မိုင်(၇၀)ကျော်ကွာဝေးကာ မဟာဓာတ်အားလိုင်း ရောက်ရှိရန် ခက်ခဲသဖြင့် ကျေးရွာမီးလင်းရေးလုပ်ငန်းကို ၂၀၁၉ ခုနှစ် ဇွန် ၂၅ ရက်က Solar mini-grid ဖြင့် ကျေးရွာမီးလင်းရေးကို ဆောင်ရွက်လျက်ရှိကာ (၈)လအတွင်း အပြီး တည်ဆောက်သွားမည် ဖြစ်သည်။

 

Solar Mini-Grid မီးလင်းရေးလုပ်ငန်းသည် လုပ်ငန်ပြီးစီးမှု ၆၀ ရာခိုင်နှုန်းကျော် ပြီးစီးပြီးဖြစ်ကာ ၎င်းလုပ်ငန်းများ ပြီးစီးသွားပါက ကျေးရွာဖွံ့ဖြိုး‌ရေးကို များစွာအကျိုးပြုမည်ဖြစ်ကြောင်း ရေဦးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးနိုင်လင်းဦးထံမှ သိရသည်။

 

792

 

တောင်ပြင်ငယ်ကျေးရွာသည် မဟာဓာတ်အားလိုင်းမှ (၁၀)မိုင်ကျော်ကွာဝေးပြီး နောင်(၁၀)နှစ် ကျော်အတွင်း မဟာဓာတ်အားလိုင်း မှ လျှပ်စစ်မီး မရရှိနိုင်သောကြောင့် Solar Mini-Grid ဖြင့် လျှပ်စစ်ဓာတ်အား ရရှိရေး ဆောင်ရွက်ခြင်း ဖြစ်သည်။

 

ထွန်းမြင့်အောင်(ရွှေဘို)