တောင်သာ ၃၁ မေ
မန္တလေးတိုင်းဒေသကြီး တောင်သာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် ဝန်ထမ်းသားသမီးများအား ပညာသင်ထောက်ပံ့ကြေး ပေးအပ်ခြင်း အခမ်းအနားကို မေ ၃၁ ရက် မွန်းလွဲ ၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝေလင်းထွန်းက ပညာသင်ထောက်ပံ့ကြေးပေးအပ်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့သည်။ မူလတန်းအဆင့် ကျောင်းသား၊ကျောင်းသူ ၂၇ ဦးအား တစ်ဦးလျှင် ကျပ် ၅၀ဝ၀ နှင့် ဗလာစာအုပ် ၆ အုပ်၊ အလယ်တန်းအဆင့် ကျောင်းသား၊ကျောင်းသူ ၁၇ ဦးအတွက် တစ်ဦးလျှင် ကျပ် ၇၀ဝ၀ နှင့် ဗလာစာအုပ် ၁ ဒါဇင်၊ အထက်တန်းအဆင့် ကျောင်းသား၊ကျောင်းသူ ၃ ဦးအတွက် ကျပ် ၁၀ဝ၀ဝ နှင့် ဗလာစာအုပ် ၁ ဒါဇင်ခွဲ စုစုပေါင်းတန်ဖိုးငွေကျပ် ၂၈၄၀ဝ၀ တို့ကို ပညာသင်ထောက်ပံ့ကြေးများအား မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ကျော်မျိုးနိုင်(တောင်သာ)