တောင်သာ စက်တင်ဘာ ၁၀
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်၌ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၁ ခုနှစ် ဘဏ္ဍာနှစ် မိုးရာသီ စိုက်ပျိုးစရိတ် ချေးငွေများကို ကျေးလက်နေ ပြည်သူများအား စက်တင်ဘာ ၉ ရက်က စုစုပေါင်းချေးငွေ ကျပ် ၄၉၉၃၅၀၀၀၀ သိန်းကို ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်ခွဲအနေဖြင့် မေ ၂၆ ရက်မှ စက်တင်ဘာ ၉ ရက်အထိ ကျေးရွာအုပ်စု ၂၆ အုပ်စုရှိ တောင်သူ ၇၃၄ ဦး၊ စပါး ၃၀၇ ဧက၊ မြေပဲ ၂၅၁၅ ဧက၊ နှမ်း ၁၇၃၃ ဧက၊ ပဲစဉ်းငုံ ၁၉၇ ဧကနှင့် အခြားစိုက်ပျိုးဧက ၄၅၃၃ ဧကတို့အတွက် ၂၀၂၁ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ
စုစုပေါင်း ၄၉၉၃၅၀၀၀၀ သိန်းကို ထုတ်ချေးပေးခဲ့ကြောင်းသိရသည်။
မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေထုတ်ချေးပေးရန် ကျန်ရှိသည့် ကျေးရွာများမှ တောင်သူများကိုလည်း သတ်မှတ်ကာလတွင် ဆက်လက်ထုတ်ချေးပေးသွားမည်ဖြစ်ပြီး ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး စည်းကမ်းချက်များနှင့်အညီ စနစ်တကျထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
ကျော်မျိုးနိုင်(တောင်သာ)


