တောင်သာ ၁ ဩဂုတ်

 

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် တောင်သာမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါအသိပညာပေး လုပ်ငန်းနှင့် မိုးရာသီတွင် ဖြစ်ပွားလေ့ရှိသည့် သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်ရေး အသံချဲ့စက်ဖြင့် နှိုးဆော်ခြင်းလုပ်ငန်းများကို ယနေ့ နံနက် ၈ နာရီက ဧရာဝတီ မြစ်ကမ်းတစ်လျှောက်ရှိ   ကျေးရွာများသို့ သွားရောက်ကာ Hand Speaker ဖြင့် နှိုးဆော်အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

တောင်သာမြို့နယ်၌ မိုးရာသီတွင် ဖြစ်ပွားလေ့ရှိသည့်  သဘာဝဘေးအန္တရာယ်ဆိုင်ရာများ ဖြစ်သည့် ရေဘေး၊ မိုးကြိုး၊ ငလျင်ဘေးနှင့် မုန်တိုင်းအန္တရာယ်များကို မြို့ပေါ်နှင့် ကျေးလက်နေပြည်သူများ သိရှိနားလည်ပြီး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အချိန်မီဆောင်ရွက်နိုင်စေရန် ဖြစ်ပေါ်လာပါက လိုက်နာဆောင်ရွက်ရမည့် နည်းလမ်းများကို သိရှိနားလည်စေရန်နှင့် သဘာဝဘေး အန္တရာယ်သည် အချိန်မရွေး၊ နေရာမရွေး ဖြစ်ပေါ်လာပါက အချိန်နှင့်တစ်ပြေးညီ ကြိုတင်ပြင်ဆင်နိုင်ရေးကို ပြည်သူများအနေဖြင့် သိရှိပြီး လိုက်နာဆောင်ရွက်စေရန်၊ သဘာဝဘေး အန္တရာယ်များပေါ်ပေါက်လာပါက လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနအနေဖြင့် လိုအပ်သောကူညီမှုများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိကြောင်း မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနရုံး တာဝန်ခံ ဒေါ်စုမြတ်ညိမ်း ထံမှ သိရသည်။

 

အဆိုပါ သဘာဝဘေးအန္တရာယ်ဆိုင်ရာများနှင့်ပတ်သက်၍   ကြိုတင်ကာကွယ်ရေး     Hand Speaker  ဖြင့် နှိုးဆော်ခြင်းလုပ်ငန်းများကို   ကျေးရွာအုပ်ချုပ်ရေးမှူးများ၊  မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ဖြင့် ပူးပေါင်းကာ  ဧရာဝတီမြစ်ရိုးတစ်လျှောက်ရှိ ကျေးရွာများတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ကျော်မျိုးနိုင်(တောင်သာ)