တောင်သာ စက်တင်ဘာ ၂

တောင်သာမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် အသက်(၆၅)နှစ်အထက် သက်ကြီးရွယ်အိုများအား ဒုတိယအကြိမ်အဖြစ် စက်တင်ဘာ ၂ ရက် နံနက်(၉)နာရီအချိန်မှ စတင်၍  မြို့နယ်အတွင်းရှိတောင်သာ(အထက)နဝရတ်ခန်းမ၌   ကိုဗစ်-၁၉  ရောဂါ ကာကွယ်ဆေး ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်အတွင်းနှင့် ကျေးရွာများမှ အသက်(၆၅)နှစ်အရွယ်ရှိ သက်ကြီးဘိုးဘွားများအတွက် ဒု တိယအကြိမ် ကာကွယ်ဆေးကို ထိုးနှံပေးလျက်ရှိရာ (Sinopharm) ကာကွယ်ဆေးအလုံး(၈၀၀)၊ လူဦးရေ(၇၄၄)ဦးကို ယနေ့အချိန်ထိ ထိုးပေးပြီးဖြစ်ပြီး ဆက်လက်ထိုးနှံပေးခြင်းအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဟန်သူရနှင့် အဖွဲ့ဝင်ဗိုလ်မှူးအောင်ကိုကို၊ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မီသတ်တပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့ဝင်များက ပူးပေါင်းဆောင်ရွက်ကြောင်း သိရသည်။

အဆိုပါ တောင်သာ(အထက)ကျောင်းတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေခြင်းဖြစ်ပြီး ဆေးထိုးရန်ကျန်ရှိနေသူများကိုလည်း ကျန်းမာရေးဝန်ကြီးဌာန၏ သတ်မှတ် ဦးစားပေးအုပ်စုအလိုက် နေ့စဉ်ဆက်လက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်မျိုးနိုင်(တောင်သာ)