တောင်သာ  ၃၁  မေ

 

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် တောင်သာမြို့နယ်အတွင်းရှိ လျှပ်စစ်ဓာတ်အား အသုံးပြုသူများ အတွက် အကြံပြုချက်များနှင့် အဆင်မပြေမှုများ၊ လျှပ်စစ်ကြောင့်အန္တရာယ် တစ်စုံတစ်ရာဖြစ်ပေါ်ပါက  ဆက်သွယ် ပြောဆိုနိုင်ရန်  Complain Call Center နှင့် Contact Person  ဗီနိုင်းများအား တောင်သာမြို့နယ်  လျှပ်စစ်ဓာတ်အားကော်ပိုရေးရှင်းမှ  လူအများသိနိုင်မည့်  နေရာများတွင်မေ ၃၀ ရက် ညနေပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ ဗီနိုင်းများအား တောင်သာမြို့နယ်အတွင်း လျှပ်စစ်ဆိုင်ရာ အရေးပေါ်အခြေအနေနှင့် မီးသုံးစွဲမှု အခက်အခဲ  တစ်စုံတစ်ရာဖြစ်ပေါ်လာပါက  အချိန်နှင့်တစ်ပြေးညီ   ဆက်သွယ်နိုင်စေရန် အတွက်  Complain Call Center နှင့် Contact Person  ဗီနိုင်းများအား တောင်သာမြို့ လျှပ်စစ်ကော်ပိုရေးရှင်းရုံးရှေ့၊ မြို့တော်ခန်းမ၊ ကမ္ဘောဇဘဏ်ရှေ့နှင့် အနောက်ဈေးထရန် စဖော်မာ စသည့် နေရာများတွင် ဗီနိုင်းချိတ်ဆွဲခြင်းလုပ်ငန်းများ ဆောင်ရွက်ထားရှိကြောင်း သိရသည်။

 

တောင်သာမြို့ လျှပ်စစ်ဓာတ်အားကော်ပိုရေးရှင်းအနေဖြင့် မီတာခပေးဆောင်ရာတွင် လူတစ်ဦးနှင့် တစ်ဦး  နီးကပ်မှုမရှိစေရန်  နေရာသတ်မှတ်ပေးခြင်းနှင့် မီတာခ  လာရောက်ပေးဆောင်သူများ လျှပ်စစ်အန္တရာယ် ကင်းရှင်းစေရေးအတွက်  လက်ကမ်းစာစောင်များ ပေးဝေလျက်ရှိကြောင်း မြို့နယ်လျှပ်စစ်ရုံးမှ လက်ထောက် မန်နေဂျာဦးအောင်ဇော်လင်းက ပြောကြားသည်။

 

ကျော်မျိုးနိုင်(တောင်သာ)